ကာရိုက်တာတွေလည်းသင်ပေးတယ်၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးတယ်။

နန်းဆုဦးကတော့ သူအရမ်းချစ်ရတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ဂရုစိုက်ပေးမှုကို ခံရလို့ ဝမ်းသာနေပါတယ်။ အခုလည်း ရုပ်ရှင်အတူတူရိုက်ခွင့်ရတဲ့အတွက် အရမ်းပျော်နေပါတယ်တဲ့။

Photo: Nan Su Oo



နန်းဆုဦးကတော့ ကိုယ်တိုင်အားကျခဲ့ရတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးက သူမရဲ့ ကျန်းမာရေးကို အရမ်းဂရုစိုက်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ကိုယ်ချင်းလည်းစာပေးတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“ ကျန်းမာရေးကတော့ ၁၀၀ရာခိုင်နှုန်းတော့ လုံးဝ မကောင်းသေးဘူး။ မထက် ဆိုရင်လည်း သေချာဂရုစိုက်ပေးတယ်။ ဒီလိုမျိုး မထက်လည်း ဖြစ်ဖူးတယ်။ နန်းဆုက အခု အကြောတွေ၊ ကြွက်သားတွေ ဖြစ်တာပေါ့နော်။ လမ်းလျှောက်တာတော့ ရတယ်။ ဒါပေမယ့် ကြွက်သားတွေက နာနေတုန်းဆိုတော့ စပ်ကနဲ ထ စပ်ကနဲထိုင် အလုပ်လုပ်လို့တော့ မရသေးဘူး” လို့ ဆိုပါတယ်။

အခုလက်ရှိမှာလည်း နန်းဆုဦးဟာ ထက်ထက်မိုးဦးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး အတူတူရိုက်ကူးရမယ်လို့ ဆိုပါတယ်။ မထက်နဲ့ ရင်းနှီးရတာလည်း အရမ်းဝမ်းသာတယ်ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က “မာယာရထားမောင်းတဲ့ မိန်းမ”ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“သမီးတို့က ဒီနောက်ပိုင်းမှ မင်းသမီးလုပ်တာဆိုတော့ မထက်လိုမျိုး Super Stars ကြီးနဲ့ အတူတူသရုပ်ဆောင်ရမယ်လို့လည်း တစ်ခါမှ မမျှော်လင့်ထားဘူး။ အခုလို ဆုံဖြစ်တဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ မထက်ကလေ စိတ်ထဲမှာ ဘာမာနမှမရှိပဲ တကယ်ကို ကိုယ့်အဒေါ်အရင်းတစ်ယောက်လို တကယ်ကို စေတနာထားတယ်။ မထက်နဲ့ ဆုံရတာ အရမ်းအားရှိတယ်။” လို့ သူကပြောပါတယ်။

Photo: Nan Su Oo

နန်းဆုဦးက သူမငယ်ငယ်ကတည်းက အားကျပြီး ချစ်ခဲ့ရတဲ့ မင်းသမီးကတော့ ထက်ထက်မိုးဦးပါတဲ့။ ထက်ထက်မိုးဦးရဲ့ ရွှေစင် ကြော်ငြာလေးကိုလည်း အရမ်းကြိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ မထက်ရဲ့ သရုပ်ဆောင်မှုတွေက အရမ်း ချစ်ဖို့ကောင်းတယ်။ မျက်နှာပုံစံကိုကလည်း ချစ်ဖို့ကောင်းနေတယ်။ မထက်လေ လျှာလေးတွေ ထုတ်ပြလိုက်တဲ့ စတိုင်လ်လေးတွေ အရမ်းကြိုက်တယ်။ မထက် နဲ့ အတူတူဇာတ်ကားရိုက်ရတော့မယ်ဆိုတော့ သေသေချာချာ လေ့လာရမယ်၊ သေချာကြည့်ရမယ်၊ မထက်ကလည်း ဇာတ်ကားမရိုက်ခင်ကတည်းကလည်း သင်ပေးတယ်” လို့ ဆိုပါတယ်။

Photo: Nan Su Oo

နန်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဂျစ်ကန်ကန်ကောင်မလေး စတိုင်လ်လေးတွေက သူမနဲ့လည်း လိုက်ဖက်သလို ပရိသတ်တွေကလည်း သတိထားမိခဲ့တာတွေရှိပါတယ်။ အခုလက်ရှိမှာတော့ “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နန်းဆုဦးနဲ့ အတူ ထက်ထက်မိုးဦး၊ အိချောပို၊ ရွှေအိမ်စည် ၊ ရဲအောင်နဲ့ ရဲရင့်အောင်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က