ဘရာဇီးဂိုးသမား အယ်လစ်ဆန်ဟာ မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ထူးထူးခြားခြားအနေနဲ့ ကျောနံပါတ် (၁၁၀) ကို ဝတ်ဆင်ပြီး ကစားခဲ့တယ်လို့ သိရှိရပါတယ်။ ပုံမှန်အားဖြင့် ကျောနံပါတ်တွေက (၁) ကနေ (၉၉) အထိပဲ ဝတ်ဆင်ကစားရလေ့ရှိတာပါ။
ဒါပေမယ့် ဒီပွဲမှာတော့ အယ်လစ်ဆန်က ထူးဆန်းစွာနဲ့ပဲ ကျောနံပါတ် (၁၁၀) ကို ဝတ်ဆင်ပြီး ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးဟာ ကိုပါအမေရိကပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုတွေအနေနနဲ့ ခြေစမ်းပွဲတွေ ကစားနေတာပါ။
ဒီပွဲမှာ ဘရာဇီးက ပါရဲရား၊ မာတီနယ်လီတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နှစ်ဂိုးပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမိနစ်မှာ အန်းဒရစ်ခ်က ဗီနီရှပ်စ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် အသင်းအတွက် အနိုင်ဂိုးကို သွင်းပေးပြီး ၂-၃ ဂိုးနဲ့ ဘရာဇီးတို့ အနိုင်ရရှိခဲ့ပါတယ်။
အယ်လစ်ဆန် ကျောနံပါတ် (၁၁၀) ကို ဝတ်ဆင်ရတဲ့ အကြောင်းရင်းကတော့ ဒီပွဲမှာ ပွဲထွက်လာတဲ့ ဘရာဇီးအသင်းခေါင်းဆောင်အနေနဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ် တည်ထောင်ခြင်းနှစ်ပေါင်း (၁၁၀) ပြည့်တဲ့ အနေနဲ့ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဇွန်လ (၈) ရက်နေ့ (၁၉၁၄) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခု ဇွန်လ (၈) ရက်နေ့ (၂၀၂၄) ခုနှစ်မှာတော့ ဘရာဇီးဘောလုံးအဖွဲ့ချုပ် တည်ထောင်ခြင်း နှစ်ပေါင်း (၁၁၀) တိတိ ပြည့်မြောက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။