မထက်ကရော မြင့်မြတ်ကို ဘယ်လိုပြောထားလဲ။

မြင့်မြတ် ကတော့ မထက်ရဲ့ ပြောင်းလဲလာမှုတွေအပေါ် သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ အခုလက်ရှိ မှာ လည်း မြင့်မြတ် နဲ့ မထက် တို့ဟာ ''ကျားကျား ကြိုက်ကြိုက်'' ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးနေ တယ် လို့ သိရပါတယ်။

 

သရုပ်ဆောင် မြင့်မြတ် နဲ့ မိတ်ကပ် မထက်(Pop Soul) တို့ကိုတော့ ''ကျားကျားကြိုက်ကြိုက်'' ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွဲ တွေ့ရတော့မှာဖြစ်ပါတယ်။ မတွေ့တာ ကြာပြီဖြစ်တဲ့ သူတို့ နှစ်ဦးရဲ့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းတွေကိုလည်း မီဒီယာ တွေကနေတဆင့် ပြောပြလာပါတယ်။



'' မထက်နဲ့ ကျွန်တော်နဲ့ က အရင်တုန်းကတည်းက ခင်ကြတာပါ။ အရင်ကဆို မထက်ဆီမှာ ကျွန်တော် ဆံပင်သွားညှပ်တာတွေရှိ တယ်။ မထက်က အရင်ကထက်စာရင်တော်တော် ပြောင်းလဲသွားတယ်။ မတွေ့တာလည်း တော်တော်ကြာပြီ။ အရမ်းတော့ လှလာတယ်။ ဘဲတွေတော့ အများကြီးရမှာ'' ဆိုပြီးတော့ မြင့်မြတ်က သဘောကျ ရယ်မောရင်း စနောက်ခဲ့ပါတယ်။

Photo: မြတ်ဝေထွန်း

မထက်(Pop Soul) ဟာ မြင့်မြတ်နဲ့ မဆုံဖြစ်ဘူးဆိုပေမယ့် ရုပ်ရှင်ဇာတ်ကားတွေကိုတော့ အမြဲတမ်း အားပေးဖြစ်တယ်လို့ ဆိုပါ တယ်။

'' အစ်မကတော့ အမြဲတမ်း ကြည့်ဖြစ်တယ်၊ အရမ်းလည်း သဘောကျတယ်။ အစ်ကို ရိုက်တိုင်းလည်း ပေါက်တယ်ဆိုတာ တကယ် ကို သရုပ်ဆောင် ကောင်းလို့လေ။ အားလုံးလည်း သိပြီးသားဆိုတော့ မထက်ကတော့ သဘောကျပါတယ်'' လို့ ဇန်နဝါရီ လ ၈ ရက်နေ့က ''ကျားကျား ကြိုက်ကြိုက်'' ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာပါ။

 

Photo: မထက်(Pop Soul)

မထက်က မြင့်မြတ် နဲ့ ရုပ်ရှင် အတူတွဲ ရိုက်ခွင့်ရတဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ လေးစားခဲ့ရတဲ့ မင်းသား တစ်ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

'' သရုပ်ဆောင်တာ အရမ်းကောင်းတယ်။ ချောလည်း ချောတယ်။ မထက်လည်း တကယ်ကို လေးစားအားကျရတဲ့ မင်းသား တစ်ယောက် ဖြစ်တဲ့ အခါကျတော့ အတူ ပါဝင်သရုပ်ဆောင်ခွင့်ရတော့ ပျော်မိပါတယ်'' လို့ သူကဆိုပါတယ်။

Photo: မထက်(Pop Soul)

''ကျားကျားကြိုက်ကြိုက်'' ရုပ်ရှင်ဇာတ်ကားကြီးကို Half & Half Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီမြင့်မြတ်၊ ခင်စန်းဝင်း၊ ညီညီမောင်(စမ်းချောင်း)၊ လင်းလင်း နဲ့ မထက်(Pop Soul) တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က