ရွိုင်ကိန်းရဲ့ ၂၀၀၅ ခုနှစ်က ဗီအဲရာနဲ့ ဥမင်ရန်ပွဲက နာမည်ကြီးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ယမန်နေ့ညက ပွဲစဉ်မစတင်မီမှာ အိုးထရက်ဖို့ဒ် ဥမင်လျှောက်လမ်းအတွင်းက ယူနိုက်တက်ကစားသမားတွေရဲ့ လုပ်ရပ်က ဂန္တဝင်ကစားသမား ရွိုင်ကိန်းကို ဒေါသထွက်စေခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီးနောက် ဆိုးရွားတဲ့ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ရွိုင်ကိန်းက ၎င်းရဲ့အသင်းဟောင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို အနိုင်ရရှိနိုင်တဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်နဲ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ရဲ့ ဘရာဇီးလ်ကစားသမားတွေဟာ ၎င်းတို့ရဲ့ တစ်နိုင်ငံတည်းသား လီဗာပူးကစားသမားတွေကို ပွေ့ဖက်နမ်းရှုံ့နေတဲ့ ဓာတ်ပုံက ဂန္တဝင်ကစားသမား ရွိုင်ကိန်းကို ဒေါသပေါက်ကွဲစေခဲ့ပါတယ်။

ဖရက်ဒ်နဲ့ ပါရဲရားတို့ဟာ ကွင်းအတွင်း မဝင်ရောက်မီမှာ ဖာမီနိုနဲ့ ဖေဘင်ဟိုတို့ကို ဥမင်လျှောက်လမ်းအတွင်းမှာ ချစ်ချစ်ခင်ခင်နဲ့ နှုတ်ဆက်နေခဲ့ကြတာဖြစ်ပြီး ရွိုင်ကိန်းက ယင်းအပြုအမူနဲ့ပတ်သက်ပြီး ဒေါသတကြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။



“ဒီကစားသမားတွေကို ကျွန်တော် ရွံရှာမိပါတယ်။ မင်းတို့တွေ စစ်ပွဲထဲကို တိုက်ခိုက်ဖို့ သွားရမှာ”၏

“သူတို့က ပွေ့ဖက်ပြီး နမ်းရှုံ့နေကြတယ်။ ပြိုင်ဘက်ကို ကြည့်တောင်မကြည့်ဘူး။ သူတို့နဲ့ တိုက်ပွဲဝင်ရတော့မှာလေ”

“ကစားသမားတွေက ပြောင်းလဲသွားခဲ့ပြီ။ ဒီ ကစားသမားတွေနဲ့ တိုက်ပွဲဝင်ရမှာကို တစ်ယောက်နဲ့တစ်ယောက် သူတို့တွေ ပွေ့ဖက်နေကြတယ်”

“ပွဲအပြီးမှာ စကားပြောကြတယ်။ ပွဲအပြီးမှာတောင် သူတို့ကို စကားမပြောရဘူး”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က