ပြီးခဲ့တဲ့ဇန်နဝါရီလက အမှုပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်

မျက်မမြင်အမျိုးသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရသူက မမှန်မကန်တိုင်ကြားမှုလို့ ယူဆတာကြောင့် တရားပြန်စွဲမယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ city star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

(သတင်းစာရှင်းလင်းပွဲမြင်ကွင်း)

“ဦးမာကုဆိုတာက အမျိုးသမီးရဲ့ ဦးလေးလို့ ပြောပါတယ်။ သွားတိုင်တယ် အမှုကပိတ်ထားတယ်၊ ဆက်တိုင်ရင်လည်း အမှုက ပွင့်မယ်မပွင့်ဘူးမသေချာဘူး။ နောက်ပြီး ဦးအောင်ကိုမြင့်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်နေတဲ့သူတွေကိုလည်း ဆက်လက် အမှုဖွင့်သွားဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ သူတို့ရဲ့ စွပ်စွဲချက်တွေကိုတော့ ကျွန်တော်တို့က အတိအလင်းငြင်းပါတယ်။ သူတို့ အချက်အလက်မခိုင်မာလို့ စွပ်စွဲချက်တွေမမှန်တဲ့အတွက် ဒါက တရားဝင်ငြင်းတာပါ။ တရားရုံးကနေ ဥပဒေနဲ့အညီပြောတဲ့အခါကျရင် ကျွန်တော်တို့ ပြောပါမယ်” လို့ ဦးအောင်ကိုမြင့်ရဲ့ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ မျက်မမြင်များအသင်းဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူ ဦးအောင်ကိုမြင့်က မျက်မမြင်အနှိပ်ခန်းမှာ အလုပ်လပ်ကိုင်နေတဲ့ လားဟူတိုင်းရင်းသူ မနာခါးရှီးကို အဓမ္မပြုကျင့်တယ်လို့ အလုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမှုပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိန်းကလေးငယ်အမှုနဲ့ ပတ်သတ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက တစ်လင်တစ်မယားဥပဒေနဲ့ အမှုဖွင့်တိုင်ကြားခဲ့ကာ ၂၀၁၉ ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ မှားယွင်းတိုင်ကြားမှုဆိုပြီး အမှုကို ပိတ်သိမ်းခဲ့ပါတယ်။ အမှုပိတ်သိမ်းခဲ့မှုအပေါ် မနာခါးရှီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြန်လည် တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က