အရင်ကတည်းက ချစ်ခဲ့ရတာတဲ့။

လွန်ခဲ့တဲ့ (၆)နှစ်၊ (၇)နှစ်လောက်ကတည်းက သက်မွန်မြင့်ရဲ့ Fan Group ဖြစ်တဲ့ yellow heart အဖွဲ့ထဲ ဝင်ထားတာပါတဲ့။

photo : ငွေဇင်လှိုင်း

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းကတော့ သက်မွန်မြင့်ရဲ့ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ကျောင်းတက်စဉ်ကတည်းက သက်မွန်မြင့်ကို ချစ်ခဲ့ရပြီး သူဓာတ်ပုံလေးတွေဆို သိမ်းသိမ်းထားရတာ အမောပါပဲတဲ့။

“သူက ချစ်စရာ အရမ်းကောင်းတယ်။အရင်တုန်းကလည်း step ကြော်ငြာလေးတွေ ရိုက်ကတည်းက အရမ်းချစ်တာ။ မဂ္ဂဇင်းတွေမှာပါလာရင်လည်း သူပုံလေးတွေကို ညှပ်ညှပ်ပြီး သိမ်းရတာအမော။ လွန်ခဲ့တဲ့ (၆)နှစ်(၇)နှစ်ကတည်းက အင်တာနက်တွေ စသုံးကတည်းက yellow Heart ထဲ ဝင်ထားတယ်။ သူနဲ့တော့ အပြင်မှာ မတွေ့ဘူးပေ့ါ။ မန္တလေးမှာ ကျောင်းတတ်နေရတော့ ။ အဲဒီကတည်းက အဖွဲ့ဝင်ပါ "“လို့ သူက ဆိုပါတယ်။

photo : ငွေဇင်လှိုင်း

ယောဂဆရာမဖြစ်တော့မှ အပြင်မှာ သက်မွန်မြင့်နဲ့ ဆုံတွေ့ခွင့်ရသလို ရင်းနှီးခွင့်လည်း ရခဲ့ရတယ်လို့ သူမက ပြောပါတယ်။

“လဝန်းလေးမွေးပြီးတဲ့အချိန်မှာ ငွေဇင်က ယောဂဆရာမ ဖြစ်သွားတော့ ယောဂသင်ရင်းနဲ့ မမွန်နဲ့ခင်လာတာ အခုဆို ၄နှစ်လောက် ရှိပါပြီ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

photo : ငွေဇင်လှိုင်း

သက်မွန်ဟာ သူမချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ငွေဇင်လှိုင်း ပြိုင်ပွဲဝင်စဉ်ကလည်း သက်မွန်က အားပေးခဲ့တာ တွေ့ရပါတယ်။ သက်မွန်မြင့်ဟာ ငွေဇင်လှိုင်း Fan Meeting လုပ်တုန်းကလည်း ငွေဇင်လှိုင်းဆီ သွားရောက်ခဲ့တာတွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုလေးက အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

photo : ငွေဇင်လှိုင်း

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။



Share

က္က