Facebook ဟာ မျက်နှာပြင်ဖတ်နည်းပညာ အသုံးပြုမှုအတွက် အီလီနွိုက်စ်ပြည်နယ်က ချမှတ်ထားတဲ့ ဒဏ်ကြေး ပေးဆောင်ဖို့ သဘောတူလိုက်ပါတယ်။
Facebook ရဲ့ Tagging Suggestions ဟာ အီလီနွိုက်စ်ပြည်နယ်ရဲ့ ဇီဝအချက်အလက် လုံခြုံရေးဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ၂၀၁၅ ခုနှစ်ကတည်းက အမှုဖြစ်ခဲ့တာပါ။ Facebook ဟာ သုံးစွဲသူတစ်ယောက် တင်လိုက်တဲ့ ဓါတ်ပုံတွေထဲက လူတွေရဲ့ နာမည်တွေကို မျက်နှာပြင် တိုက်စစ်တဲ့ ဆော့ဖ်ဝဲလ်နဲ့ Tag လုပ်မလုပ် အကြံပြုချက်ပေးတဲ့ စနစ်ကို ၂၀၁၁ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့ပါတယ်။
Photo: sophosnews
Tagging Suggestions ဟာ အီလီနွိုက်စ် သုံးစွဲသူတွေရဲ့ ခွင့်ပြုချက်မပါဘဲ အချက်အလက်တွေ ရယူဲ့တယ်ဆိုပြီး တရားစွဲခံရတာ ဖြစ်ပါတယ်။ Facebook ဟာ အီလီနွိုက်စ်မှာ ဖြစ်ခဲ့တဲ့ ဒီတရားစွဲမှုကို အယူခံဝင်ခဲ့ပေမယ့်ပယ်ချခဲ့ရခဲ့ပါတယ်။
New York Times ရဲ့သတင်းအရ လက်ရှိမှာ Facebook ဟာ အီလီနွိုက်ပြည်နယ်တရားရုံးရဲ့ အမိန့်အတိုင်း မျက်နှာပြင်ဖတ်နည်းပညာ အသုံးပြုမှုအတွက် ဒေါ်လာသန်း ၅၅၀ ပေးဆောင်သွားမယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာ Facebook ဟာ မျက်နှာပြင်ဖတ်နည်းပညာကို default အဖြစ် ဆက်မသုံးတော့အကြောင်း ကြေညာခဲ့ပြီး သုံးစွဲသူတွေအတွက် privacy controls များ ပေးထားပါတယ်။
Facebook ဟာ ပြီးခဲ့တဲ့ စတုတ္ထသုံးလပတ်အတါင်း ဒေါ်လာ ၂၁ ဘီလျံ ဝင်ခဲ့ပြီး အသားတင်အမြတ်ချည်း ၇.၃ ဘီလျံ မြတ်ခဲ့တဲ့ ကုမ္ပဏီဖြစ်လို့ ဝင်ငွေနဲ့ စာရင် ဒီဒဏ်ကြေးက ပါးပါးလေးလို့ ပြောနိုင်ပါတယ်။ Facebook ဟာ သုံးစွဲသူအချက်အလက်လုံခြုံရေးနဲ့ ပတ်သက်ပြီး တရားစွဲခံထားရမှုတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀၁၉ ခုနှစ်မှာ ကြားခံ third party ကုမ္ပဏီတွေကို သုံးစွဲသူအချက်အလက် ရယူခွင့်ပေးခဲ့တယ်ဆိုပြီး Facebook ကို FTC (ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်) နဲ့ တရားရေးဌာနတို့က တရားစွဲထားပါတယ်။ Cambridge Analytica ဖြစ်ရပ်အပါအဝင် ကိုယ်ရေးကိုယ်တာမူဝါဒ ချိုးဖောက်မှုကြောင့် Facebook ကို FTC က ဒေါ်လာ ၅ ဘီလျံ ဒဏ်ရိုက်ထားပါတယ်။