စိတ်မပူကြနဲ့တော့နော်တဲ့။

မြန်မာနိုင်ငံမှာတင်ခွဲစိတ်မှု ပြုလုပ်ထားတဲ့ နေမင်းက အခုဆိုရင် မျက်နှာချုပ်ရိုးတောင် ဖြေလိုက်ပြီလို့ ဆိုပါတယ်။ ဘယ်လိုတွေတောင် ပြောင်းလဲသွားလဲဆိုတာ ကြည့်လိုက်ဦးနော်။


Photo : နေမင်း



နေမင်းက မေရိုးခွဲစိတ်ပြီးနောက် မျက်နှာ ချုပ်ရိုးဖြေထားတဲ့ ပုံလေးတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၆) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။ စိတ်ပူနေတဲ့ ပရိသတ်တွေကိုလည်း စိတ်မပူဖို့ ပြောထားပါသေးတယ်။

 “အားလုံးအောင်မြင်စွာ ချုပ်ရိုးဖြေ ပြီး သောယခု ပုံလေးပါ (စိတ်မပူကြနဲ့တော့နော်)” ဆိုပြီး သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။ အဲဒီနောက် ပရိသတ်တွေက ကျန်းမာရေး ဂရုစိုက်ဖို့ ပြောထားပါသေးတယ်။နေမင်းကတော့ ချုပ်ရိုးဖြေလိုက်ပြီဆိုပေမယ့်လည်း မျက်နှာအရောင်မကျသေးဘူးလို့ မိတ်ဆွေတွေရဲ့ အမေးမှာ ပြန်ဖြေထားတာတွေ့ရပါတယ်။

Photo :ထွန်းလမင်း ( my nephew)

နေမင်းဟာ မေးရိုးခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ကိုရီးယားမှာ သွားခွဲစိတ်ခဲ့တာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာတင် ကိုရီယားဆရာဝန်များ လာရောက်ကာ ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။

“ကိုရီးယားမှာ သွားရောက်ပြီးခွဲစိတ်ခဲ့တာမဟုတ်ပါဘူးကွယ်ကိုရီးယားမှ ဆရာဝန်ကြီးတွေ လာရောက်ပြီးကိုရီးယား နိုင်ငံ မှာ အတိုင်းဘဲ ခွဲစိတ်မှုကောဝန် ဆောင်မှု ရောခွဲစိတ်ပြီးနောက်ပိုင်း တာဝန်ယူဆောင်ရွက်ပေးမှုကောအကုန်လုံး ကိုရီးယားနိုင်ငံ ရှိ Gangnam Medical Beauty Center မှာ ထက်သာလွန်သော ဂရုစိုက်မှုများကိုခံစားရရှိရ(ရရှိနေ)ပါသည်” ဆိုပြီး ဇွန်လ(၂၁) ရက်နေ့ မနက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo :ထွန်းလမင်း ( my nephew)

သူ့ရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေကိုလည်း ဇွန်လကုန်ပိုင်းလောက်မှ ဖြေဆိုနိုင်မယ်ဆိုပြီး ပြောထားတာေ တွ့ရပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့ မေးရိုးကားကားနဲ့ အရင်ပုံစံကို လွမ်းနေကြောင်း မှတ်ချက်ပေး ပြောထားကြတာ တွေ့ရပါတယ်။ နေမင်းတစ်ယောက် ဘယ်လို ပုံစံ ရှိသွားမလဲဆိုတာကိုလည်း ပရိသတ်တွေ စိတ်ဝင်စားလို့ နေကြပါတယ်။

 

Photo :ထွန်းလမင်း ( my nephew)

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က