မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်းတဦးဖြစ်တဲ့ ဆာဂျီယိုရိုမဲရိုးကတော့ အသင်းဟောင်းဆီ ပြန်လာချင်နေတယ်လို့ သိရပါတယ်။ ဒီဂီယာရဲ့နောက်မှာ ဒုတိယဂိုးသမားအဖြစ်နဲ့သာ အချိန်တွေကုန်နေခဲ့တဲ့နောက် ရိုမဲရိုးဟာ ဗီနီဇီယာအသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းတန်းဆင်းသွားခဲ့ပြီးနောက်မှာ လမ်းခွဲခဲ့ကာ စာချုပ်လက်မဲ့ဖြစ်နေပါတယ်။
ယူနိုက်တက်မှာ ပွဲကစားခွင့်သိပ်မရခဲ့ပေမယ်လည်း ဝင်ကစားခွင့်ရချိန်တိုင်းမှာ လက်စွမ်းပြခဲ့တဲ့ အာဂျင်တီးနားသားက ယူနိုက်တက်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်တို့ ယူရိုပါလိဂ်ဖလားဆွတ်ခူးခဲ့စဉ်မှာ ရိုမဲရိုးက လက်စွမ်းပြခဲ့သူဖြစ်ပြီး မော်ရင်ဟိုက သူ့ကို တောက်လျှောက်အသုံးပြုကာ အခွင့်အရေးပေးခဲ့ပါတယ်။
အခုအခါမှာတော့ ကစားသမားက အသင်းဟောင်းဆီမှာ ပြန်ကစားချင်နေတယ်လို့ The Sun က ဆိုပါတယ်။ ယူနိုက်တက်မှာ ဒီဂီယာက ဦးစားပေးဂိုးသမားဖြစ်နေပြီး ဒင်းဟန်ဒါဆန်ကတော့ နော်တင်ဟမ်ဖောရက်စ်ကို အငှားနဲ့ထွက်ခွာမှာဖြစ်ပါတယ်။ ဒီအတွက် ရိုမဲရိုးက အရန်အဖြစ်နဲ့ပဲရှိနေမယ်ဆိုရင်တောင်မှ အသင်းဟောင်းဆီမှာ ပြန်ကစားဖို့ကိုသာ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ကို ရိုမဲရိုးက ချစ်ခင်နေဆဲလို့လည်း သိရပြီး သူ့ကိုသာကမ်းလှမ်းခဲ့မယ်ဆိုရင် ချက်ချင်းပဲပြန်လာဖို့ အသင့်ဖြစ်နပြေီလို့လည်း သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ သူတို့ရဲ့ဂိုးသမားဟောင်းအတွက် တစုံတရာအချက်ပြထာမျိုးမရှိသေးဘဲ အခြားသောဂိုးသမားတဦးကို ရှာဖွေနေတယ်လို့လည်း သိရပါတယ်။