၂၀၂၅ ခုနှစ်အထိ အသင်းမှာ ဆကလက်ရှိနေမှာလည်းဖြစ်ပါတယ်။

စာချုပ်မှာတော့ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ သိရပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားကလည်း ကျေနပ်ပျော်ရွှင်မိတယ်လို့ ဆိုခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အားထားရတဲ့ ကွင်းလယ်လူမက်တော်မီနေးကို ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီလို့ အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ စကော့တလန်ကွင်းလယ်လူဟာ နောက်ထပ် ၅ နှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေတော့မှာလည်းဖြစ်ပါတယ်။ 

စာချုပ်မှာတော့ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ သိရပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားကလည်း ကျေနပ်ပျော်ရွှင်မိတယ်လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်အကယ်ဒမီကို ၂၀၁၂ ခုနှစ်မှာ ရောက်ရှိခဲ့ပြီးနောက် မက်တော်မီနေးဟာ ၂၀၁၇ မှာတော့ နည်းပြဟောင်းမော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့အတူ အသင်းကြီးအတွက် ကစားခွင့်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းကြီးအတွက် လက်ရှိမှာတော့ ပြိုင်ပွဲစုံ ၇၅ ပွဲအထိ ကစားပေးထားခဲ့ကာ ၆ ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ မက်တော်မီနေးဟာ ပေါ့ဂ်ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့အတူ ယူနိုက်တက်ကွင်းလယ်ရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေပြီး စကော့တလန်လက်ရွေးစင်အသင်းကြီးအတွက်လည်း ပုံမှန်ကစားခွင့်ရရှိနေခဲ့သူဖြစ်ပါတယ်။ 

"အသင်းနဲ့အတူစာချုပ်သစ်ချုပ်ဆိုနိုင်တဲ့အတွက်ရော၊ အနာဂတ်မှာ အသင်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါ ပါဝင်ခွင့်ရဦးမယ့်အပေါ်မှာပါ ကျွန်တော်ကျေနပ်ပျော်ရွှင်မိပါတယ်။ ယူနိုက်တက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်အားလုံးသိရှိထားပြီး အသင်းအတွက် ကစားပေးခွင့်ရချိန်တိုင်းမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ ကျွန်တော်ကစားပေးနိုင်ဖို့ မျှော်လင့်မိပါတယ်"

"ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့တဲ့ နည်းပြနဲ့ ကျွန်တော့်ကို ဒီလိုအနေအထားရောက်အောင် ကူညီပေးခဲ့တဲ့ ကလပ်အသင်းကလူတိုင်းကို ကျေးဇူးတင်ပါတယ်၊ ဒီရာသီမှာ အကောင်းဆုံးရပ်တည်နို််င်ဖို့နဲ့ ကျွန်တော်တို့ရည်မှန်းထားမှုတွေ အောင်မြင်မယ်လို့လည်း မျှော်လင့်မိပါတယ်" လို့ မက်တော်မီနေးက စာချုပ်ချုပ်ဆိုအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က