ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေချင်းဝတ်ဒဏ်ရာရရှိသွားတဲ့ မက်တွန်နေးအနေနဲ့ ဒီဇင်ဘာလလယ်အထိ အနားယူရမှာကို ကြောက်ရွံ့နေတယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်တွန်နေးဟာ ဘရိုက်တန်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပြီး မက်တွန်နေးဟာ အစပိုင်းတုန်းက ကိုယ့်ဘာသာလမ်းလျှောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆေးဝန်ထမ်းတွေရဲ့အကူအညီနဲ့ ကွင်းအတွင်းက ထွက်ခွာခဲ့ရတာဖြစ််ပါတယ်။

မက်တွန်နေးဟာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က ပါတီဇန်ဘဲဂရိတ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဘရိုုက်တန်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေခဲ့သူဖြစ်ပြီး ယခုရာသီမှာ မက်တွန်နေးထက် ပွဲကစားချိန် ပိုမိုများပြားတဲ့ကစားသမားဆိုလို့ ဟယ်ရီမက်ဂွိုင်းယားတစ်ဦးတည်းသာရှိတယ်လို့ သိရပါတယ်။

စကော့တလန်လက်ရွေးစင်ကြယ်ပွင့်ရဲ့ ဒဏ်ရာကို ယမန်နေ့က ဓာတ်မှန်ရိုက်ခဲ့ပေမယ့် ခြေချင်းဝတ်ဟာ သိသိသာသာ ယောင်ကိုင်းနေတဲ့အတွက် နောက်ထပ် ၇၂ နာရီအကြာမှာ ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

သတင်းရင်းမြစ်တစ်ဦးက Metro ကို ပြောကြားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ မက်တွန်နေးရဲ့ ဒဏ်ရာကို ကနဦး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် လေးပတ်အထိ အနားယူရမှာကို ကြောက်ရွံ့နေကြောင်း သိရပါတယ်။

မက်တွန်နေးဟာ ဘရိုက်တန်နဲ့ပွဲအပြီးမှာ ကွင်းအတွင်းကနေ သူများအကူအညီမပါဘဲ ထွက်ခွာသွားနိုင်ခဲ့ပေမယ့် ဆေးအဖွဲ့က မက်တွန်နေးကို အကာအကွယ်ပေးနိုင်တဲ့ဖိနပ်ကို ဝတ်ဆင်ထားဖို့နဲ့ ယခုတစ်ပတ်လုံး ဒဏ်ရာရထားတဲ့ခြေချင်းဝတ်အပေါ်မှာ အားမပြုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Share

က္က