ဒီအခြေအနေက အပြီးသတ်စာချုပ်အတွက် စကားပြောဖို့ လုံလောက်ပြီလို့ ရိုးမားအသင်းက ထုတ်ဖော်ပြောကာ ယူနိုက်တက်နဲ့ စကားပြောတော့မှာလို့သိရပါတယ်။
တစ်ရာသီ အငှားနဲ့ လာကစားနေတဲ့ နောက်ခံလူ စမောလင်းအတွင်း ရိုးမာအသင်းက မူလအသင်းပိုင်ရှင် ယူနိုက်တက် အသင်းနဲ့ စကားပြောဖို့ အလိုရှိနေပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
စမောလင်းကတော့ ဒီရာသီမှာ အသစ်ခေါ်ယူလိုက်တဲ့ နောက်ခံလူ မက်ဂွဲယားနဲ့ နေရာပုံမှန်ရလာတဲ့ လင်ဒီလော့ဖ်တို့ကြောင့် ရိုးမားကို အငှားထွက်ကစားနေရသူလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ရိုးမားအတွက် ၅ ပွဲပါဝင်ကစားပေးထားနိုင်ပြီဖြစ်ပြီး ဒီအခြေအနေက အပြီးသတ် စာချုပ်အတွက် စကားပြောဖို့ လုံလောက်ပြီလို့ ရိုးမားအသင်းက ယူဆပြီး မိခင်ကလပ် ယူနိုက်တက်နဲ့ စကားပြောဖို့ အလိုရှိနေ ခဲ့တာလို့ Mirror သတင်းဌာနက ဖော်ပြပါတယ်။
ဒါကြောင့် လာမယ့် သောကြာနေ့မှာတော့ နှစ်ဖက်အသင်းတာဝန်ရှိသူတွေက စမောလင်းအတွက် စကားပြော ဆိုတော့မှာဖြစ်ပြီး စမောလင်းအနေနဲ့ ရိုးမားကို အပြီးသတ်ရောက်ရှိမလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
ဒါပေမယ့်လည်း စမောလင်းအနေနဲ့ ပြီးခဲ့တဲ့ ရိုးမားနဲ့ မိုချမ်ဂလာဘတ်တို့ကစားခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ဘောလုံးရှင်းထုတ်ရင်း မျက်နှာနဲ့ ဘောလုံးထိမှန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လက်ထိတယ်ဆိုပြီး ယူဆခဲ့လို့ ပင်နယ်တီပေးခံရကာ အနိုင်ကနေ သရေရလဒ်သာ ကျေနပ်ခဲ့ရပါတယ်။