ဘယ်သူနဲ့မှမတူတဲ့ ပိုပြီးစိုပြေတောက်ပတဲ့ရုပ်ထွက်အရည်အသွေးနဲ့ အဆုံးအစမဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်မှာပါ။
 

စမတ်ဖုန်းကောင်းကောင်းလို့ ပြောလိုက်တာနဲ့ မဖြစ်မနေရှိရမယ့်အရည်အသွေးတစ်ရပ်ကတော့ မျက်နှာပြင်ရုပ်ထွက် အရည်အသွေးကတီထွင်ဖန်တီးမှုရှိရှိနဲ့ အရည်အသွေးမြင့်မားနေဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ဆိုတာထက်ပိုတဲ့ ကိုယ့်ဘဝရဲ့အမှတ်တရအခိုက်အတံ့တွေ ကို မှတ်တမ်းတင်ထားဖို့၊ ကိုယ့်ရဲ့စိတ်အပန်းပြေမှုအတွက်ဖျော်ဖြေရေးနဲ့သတင်းအချက်အလက်တွေကိုယူဆောင်ဖို့ ကိရိယာတစ်ခုဖြစ်လာနေလို့ပါ။ ဒါကြောင့်စမတ်ဖုန်းရဲ့ ရုပ်ထွက်အရည်အသွေးကအဆင့်အတန်းမြင့်မားနေမှသာ ကိုယ့်ရဲ့ အမှတ်တရအခိုက်အတံ့တွေ၊ ခံစားမှုတွေကို ပိုပြီးစိုပြေတောက်ပတဲ့မြင်ကွင်းတွေနဲ့အမြဲတမ်းပြန်လည်မြင်တွေ့ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီအတွက် ဘယ်သူနဲ့မှမတူတဲ့ ပိုပြီးစိုပြေတောက်ပတဲ့ရုပ်ထွက်အရည်အသွေးနဲ့ အဆုံးအစမဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်မှာက Samsung Galaxy J6 ရဲ့ Super AMOLED infinity display ပါ။

Super AMOLED ဆိုတာက ဆမ်ဆောင်းရဲ့မူပိုင် AMOLED မျက်နှာပြင်နည်းပညာဖြစ်ပြီး ဒီနေ့ခေတ် မျက်နှာပြင်အပြည့် စမတ်ဖုန်းအများစုမှာအသုံးပြုလာနေတဲ့နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာဟာ ပေါင်းစပ်ထားတဲ့ ထိတွေ့မှု လုပ်ဆောင်ချက် ပါဝင်တာကြောင့် မျက်နှာပြင်လုပ်ဆောင်မှုအတွက် အလွှာ၊အထပ်တွေကိုလျှော့ချနိုင်ပြီး စမတ်ဖုန်းတွေကို ပိုမိုပါးလွှာသွားစေပါတယ်။

နောက်ပြီး Contrast အချိုး 100000 : 1 ဖြစ်တာကြောင့် ပတ်ဝန်းကျင်အလင်းရောင်အခြေအနေအမျိုးမျိုးမှာ ကြည့်ရှုသူရဲ့ မျက်လုံးအတွက်သက်သောင့်သက်သာအဖြစ်ဆုံးအခြေအနေကို အလိုအလျောက်ချိန်ညှိပေးနိုင်ကာ အကောင်းဆုံးရုပ်ပုံ အရည်အသွေးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ Contrast အချိုးမြင့်မားတာကြောင့် အရောင်အသွေးပိုမိုစုံလင်စိုပြေစေပြီး ရုပ်ထွက်အရည်အသွေးကြည်လင်ပြတ်သားမှုကိုလည်း အများကြီးပိုအားကောင်းစေနိုင်တာတွေ့ရမှာပါ။

Super AMOLED ဟာစွမ်းအင်သုံးစွဲမှုနည်းပါးတာကြောင့် ယခင်နည်းပညာဟောင်းသုံးထားတဲ့ စမတ်ဖုန်းတွေလောက် လည်း မပူပါဘူး။

Infinity Display ကတော့ ဆမ်ဆောင်း တန်ဖိုးကြီးအဆင့်မြင့်စမတ်ဖုန်းတွေရဲ့ အမှတ်အသားတစ်ခုပဲဖြစ်ပြီး စမတ်ဖုန်းပေါ်မှာ မြင်တွေ့ရတဲ့မြင်ကွင်းတွေကို ခေတ်သစ်တစ်ခုဆီခေါ်ဆောင်နိုင်ခဲ့တဲ့ နည်းပညာဆိုရင်လည်း မမှားပါဘူး။ Infinity Display ကြောင့် ပိုပြီးစိုပြေတောက်ပတဲ့ ရုပ်ပုံတွေကို ဘောင်တွေမပါတော့ဘဲ မျက်နှာပြင်အပြည့် မြင်တွေ့ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ မျက်နှာပြင်အပြည့်ဖြစ်သွားတာကြောင့် မြင်ကွင်းကပိုကျယ်လာပေမယ့် စမတ်ဖုန်းရဲ့ အရွယ်အစားကပိုကြီးမလာဘဲ လက်ထဲမှာသက်သောင့်သက်ကိုင်တွယ်နိုင်တဲ့အခြေအနေမှာ ရှိနေစေမှာလည်း ဖြစ်ပါတယ်။ ဘောင်တွေ၊ခလုတ်တွေမပါဘဲ ချောမွေ့ပြေပြစ်တဲ့မျက်နှာပြင်၊ စိတ်အနှောက်အယှက်ဖြစ်စရာထောင့်ချိုးတွေ မပါဝင်မှုတွေကြောင့် ဘယ်တုန်းကနဲ့မှမတူဘဲ သာလွန်ကောင်းမွန်တဲ့မြင်တွေ့ခံစားမှုအတွေ့အကြုံတွေကို ရရှိမှာ အသေအချာပါပဲ။

ဒါကြောင့် စမတ်ဖုန်းနဲ့ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့၊ စာဖတ်ရတာနှစ်သက်တယ်ဆိုရင်တော့ ဆမ်ဆောင်းရဲ့ ကိုယ်ပိုင် Super AMOLED နဲ့ Infinity Display တွေပါဝင်နေပြီး ဈေးနှုန်းလည်းအရမ်းမကြီးတဲ့ Galaxy J6 စမတ်ဖုန်းက သင့်အတွက် အသင့်လျော်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်မှာ အသေအချာပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က