အသက် ၉၂နှစ်အရွယ်ရှိပါပြီ။

ဆေးစစ်ချက် ၃ကြိမ်ဆက် Negativeပြလို့ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီး နောက်ထပ် ၁၄ရက်ကြာ သီးသန့် နေထိုင်စေပြီးရင် နောက်ဆုံးအကြိမ် ဆေးစစ်မှုခံယူရမှာဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်က အသက်၃၁နှစ်အရွယ် ပိုးတွေ့လူနာဟာအခုဆိုရင်တော့ ရောဂါပိုး ၃ကြိမ် ဆက်တိုက် Negative ပြခဲ့လို့ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီး ကွာရန်တင်းနေရာမှာ ၁၄ ရက်ကြာ သီးသန့်ဆက်လက်နေ ထိုင်လျက်ရှိပါတယ်။



အဆိုပါ အသက် ၃၁နှစ်အရွယ်အမျိုးသားဟာ ထိုင်းပြန်တစ်ဦးဖြစ်ပြီး ပြန်ရောက်ရောက်ချင်း ကွာရန်တင်းစင်တာကို တိုက်ရိုက်လာရောက်ဝင်ခဲ့လို့ အခြားသူတွေနဲ့တော့ ထိတွေ့စပ်ဆက်မှုမရှိခဲ့သူလို့လည်း မြို့သစ်မြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးသန်းဆွေရဲ့ ပြောပြချက်အရသိရပါတယ်။

လက်ရှိမှာတော့ ဆေးရုံက ဆင်းခွင့်ရပြီဖြစ်ပြီး မြို့သစ်မြို့နယ်က ကွာရန်တင်းနေရာမှာ ၁၄ရက်ကြာ ဆက်လက် သီးသန့်နေထိုင်လျက်ရှိပြီး ရက်ပြည့်သွားရင်တော့ နောက်ဆုံးတစ်ကြိမ် ဆေးစစ်မှု ခံယူရအုံးမယ်လို့လည်း သိရ ပါတယ်။

“ဆေးရုံအုပ်ကြီးရဲ့ လမ်းညွှန်ချက်အရသူ့ကို ၁၄ရက် ဆက်လက် သီးသန့်ဆက်လက်နေထိုင်စေပါတယ်။ဒါပြီးရင် တော့ရွာကိုပြန်ခွင့်ရမှာဖြစ်ပေမယ့် နောက်ဆုံးတစ်ကြိမ်ဆေးစစ်မှုတော့ လုပ်မှာပါ။အခုတော့ ရက်ပြည့်ဖို့ အနည်း ငယ်သာ လိုပါတော့တယ်။”လို့ မြို့သစ်မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့်က Duwunကို ပြောပါတယ်။

လက်ရှိမှာတော့ မကွေးတိုင်းဒေသကြီးတစ်ခုလုံးမှာ ပိုးတွေ့လူနာတစ်ဦးမျှမရှိတော့ဘဲ လက်ရှိ ကွာရန်တင်းထားရှိထားသူ ၇၁ ဦးရှိပြီး အားလုံးကျန်းမာရေးကောင်းမွန်ကာ ဓာတ်ခွဲနမူနာပို့ရမယ့်သူ မရှိဘူးလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က