ထိုင်းကပြန်လာသူ ဖြစ်ပါတယ်။

ဆေးရုံကဆင်းခွင့်ရဖို့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေလုပ်ဆောင်နေကြပြီး သူသာ ရောဂါပိုး ပျောက်ကင်း သွားပါက မကွေးတိုင်းမှာ ရောဂါပိုးကူးစက်ခံရသူတစ်ဦးမှ မရှိတော့ပါဘူး။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်က COVID-19အတည်ပြုလူနာ နံပါတ် ၅၃ကို ရောဂါပိုးစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် Negative ပြနေပြီလို့ မြို့သစ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက Duwunကိုပြောပါတယ်။



အတည်ပြုလူနာ နံပါတ် ၅၃က ထိုင်းပြန်အမျိုးသားတစ်ဦးဖြစ်ပြီး ပြန်လည်ရောက်ရှိလာချိန်ကတည်းက ရွာကို မပြန်ပဲ အသိစိတ်ဓာတ်နဲ့ မြို့သစ်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Quarantine နေရာကို တိုက်ရိုက်လာရောက်ပြီး Quarantine ဝင်ခဲ့တယ်လို့လည်းသိရပါတယ်။

“သူနဲ့အတူ သူငယ်ချင်း ၆ယောက်စလုံးက ထိုင်းကပြန်လာတာနဲ့ Quarantineနေရာကို တန်းလာခဲ့ကြသူတွေ ပါ။လမ်းတစ်လျှောက်မှာလည်း လက်အိတ်၊မျက်နှာဖုံးတွေ သေချာ ဝတ်ဆင်လာခဲ့ကြသူတွေပါ။ဒါကြောင့် သူတို့နဲ့တော့ ဘယ်သူမှ အဆက်အစပ်မရှိခဲ့ပါဘူး။သူတို့ ထဲမှာမှ သူတစ်ဦးထဲမှာပဲ ရောဂါပိုးတွေ့ရပြီး ကျန်သူတွေမှာတော့ ရောဂါပိုး မရှိကြပါဘူး။အခုတော့ သူ့ကို ဆေးရုံမှာပဲ ဆက်လက်ထားရှိထားပြီး ဆေးရုံက ဆင်းခွင့်ရဖို့အတွက်ကတော့ သက်ဆိုင်ရာအစိုးရအဖွဲ့က ညှိနှိုင်းလုပ်ဆောင်နေပါတယ်။”လို့ ဦးသန်းဆွေက ပြောပါတယ်။

လူနာနံပါတ် ၅၃က မကွေးတိုင်းဒေသကြီးရဲ့ တစ်ဦးတည်းသော လူနာဖြစ်ပြီး ဆေးရုံက ဆင်းခွင့်ရကာ ရောဂါ လုံးဝပျောက်ကင်းသွားပါက မကွေးတိုင်းမှာ COVID-19 ရောဂါပိုးရှိသူ တစ်ဦးမှ ရှိတော့မှာ မဟုတ်ပါဘူး။

လက်ရှိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁၅၁ဦးတွေ့ရှိခဲ့တဲ့အနက် ၃၁ဦး ရောဂါပိုးပြန်လည်ပျောက် ကင်းကာ ၂၇ဦးထိ ဆေးရုံက ဆင်းခွင့်ရသွားပြီ ဖြစ်ကာ ၆ဦးကတော့ သေဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် ကျန်ရှိနေတဲ့ လူနာ ၁၁၈ဦးကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်က ဆေးရုံတွေမှာ ကုသပေးလျက်ရှိ နေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က