ဝက်ခြံမကြာခဏပေါက်တတ်တာကြောင့် စိတ်ညစ်ရလား။ ဝက်ခြံတွေက ဘာ့ကြောင့် ပေါက်တာလဲ၊ ဝက်ခြံမပေါက်အောင် ဘယ်လို ဆင်ခြင်နေထိုင်ရမလဲ၊ ဝက်ခြံပေါက်နေချိန်မှာကော ဘယ်လိုအရာတွေ ရှောင်ကြဉ်ရမလဲဆိုတာကို သိထားမယ်ဆိုရင် ဝက်ခြံမကြာခဏပေါက်နေတဲ့ ဒုက္ခက ကင်းဝေးသွားပါလိမ့်မယ်။
dailyadvent.com
ဝက်ခြံပေါက်တတ်တဲ့ အသားအရေအမျိုးအစား
“ဝက်ခြံမကြာခဏပေါက်တတ်တဲ့ အသားအရေအမျိုးအစားတွေကတော့ များသောအားဖြင့် Oily skin၊ combination skin နဲ့ sensitive skinတွေမှာ အဖြစ်များပါတယ်။ အဓိကက မျက်နှာပေါ်မှာရှိတဲ့ Pores (ချွေးပေါက်) တွေမှာ ပြင်ပက ဖုန်တွေ ၊ အညစ်အကြေးတွေ သွားပိတ်တဲ့နောက်မှာ မျက်နှာကထွက်လာတဲ့ အဆီတွေနဲ့ ပေါင်းပြီး ဝက်ခြံတွေထွက်လာတာပါ။ လို့ Beauty Blogger ခွာညိုမြင့်သူက ရှင်းပြပါတယ်။
၁။ အဆီများတဲ့ အစားအသောက်တွေကို ရှောင်ပါ
ဝက်ခြံမကြာခဏထွက်တဲ့သူတွေအနေနဲ့ သတိထားရမယ့် အချက်ကတော့ အဓိက အစားအသောက်တွေဆိုရင် junk food တွေ၊ အဆီအများကြီးပါတဲ့ အစားအသောက်တွေ ရှောင်ဖို့ လိုပါတယ်။ သကြားဓာတ်နဲ့ အဆီဓာတ်များတဲ့ အစားအစာတွေဟာ ဝက်ခြံပေါက်စေတဲ့အတွက် ဝက်ခြံမကြာခဏပေါက်နေတဲ့ သူတွေအနေနဲ့တော့ ရှောင်ကို ရှောင်ကြဉ်သင့်ပါတယ်။
၂။ တစ်ရက်ခြားတစ်ခါခေါင်းလျှော်ပါ
ခေါင်းကိုလည်း မကြာခဏလျှော်ပေးဖို့ လိုအပ်ပါတယ်။ တစ်ရက်ခြားတစ်ကြိမ်လောက်တော့ လျှော်ပေးပါ။ ဒီလိုမှ မလျှော်ပေးဘူးဆိုရင် ဆံပင်ကထွက်လာတဲ့ အဆီတွေက မျက်နှာမှာ သွားကပ်တဲ့အခါမှာ ပိုပြီးတော့ ဝက်ခြံထွက်စေပါတယ်။
၃။ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါလဲပါ
နောက်တစ်ခုကတော့ ကိုယ်အိပ်တဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ကြိမ်လောက်တော့ လဲပေးရပါမယ်။ ခေါင်းအုံးစွပ်တွေက ညစ်ပတ်ညစ်ထေးနေပြီး မှိုတွေ ကပ်နေမယ်ဆိုရင် ဝက်ခြံပေါက်ဖို့ကို အထောက်အပံ့ပေးပါတယ်။
၄။ မျက်နှာကို Cleansing သေချာလုပ်ပေးပါ
ဝက်ခြံပေါက်တတ်သူတွေအနေနဲ့ မျက်နှာ Cleansing ကို လုံးဝမေ့လို့ မဖြစ်ပါဘူး။ Cleansing ကိုသေသေချာချာ လုပ်ပေးဖို့လိုအပ်ပါတယ်။ မျက်နှာကို ချေး၊ အညစ်အကြေးတွေ စင်ကြယ်အောင် သေချာ Cleansingလုပ်မှသာ မျက်နှာက ချွေးတွေနဲ့ အဆီတွေပေါင်းပြီး ဝက်ခြံအသစ်တွေဖြစ်တာတွေ မဖြစ်နိုင်တော့မှာ ဖြစ်ပါတယ်။
byrdie.com
၅။Skin Care ကို သေချာလုပ်ပေးပါ
Cleansing က အရေးကြီးသလို Skin Care ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဝက်ခြံပေါက်နေသူတချို့ဟာ ဝက်ခြံရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Skin Careကို မလုပ်ဖြစ်ကြတာမျိုးတွေရှိတတ်ပါတယ်။ Skin Careကို အထူးသဖြင့် ဝက်ခြံရှိနေတဲ့သူတွေဆို Tea Tree ပါတဲ့ Oil တွေကို သုံးပေးလို့ရကြောင်း Beauty Blogger ခွာညိုမြင့်သူက အကြံပေးပါတယ်။
၆။မိတ်ကပ်ထူထူလိမ်းတာမျိုးတွေ ရှောင်ပါ
ဝက်ခြံထွက်နေတဲ့ အချိန်မျိုးတွေမှာ မိတ်ကပ်ကို အထူကြီးတွေ၊ ဟဲဗီးကြီးတွေ လိမ်းတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ ဝက်ခြံထွက်နေပြီဆိုရင် မိတ်ကပ်မလိမ်းလို့ မရဘူးဆိုရင်တောင် ပေါင်ဒါလေး ပုတ်တာမျိုးလောက်ပဲ လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ် Chemical နဲ့ ဝက်ခြံတွေနဲ ထိတွေ့သွားတဲ့အခါ ဝက်ခြံကို ပိုပြီး ဆိုးရွားနိုင်စေလို့ပါ။
၇။ လက်နဲ့ မကုတ်ဖဲ့သင့်ပါ
ဝက်ခြံပေါက်နေတဲ့ နေရာကို လက်နဲ့ ကုတ်တာတွေ လုံးဝရှောင်ပါမယ်။ ဝက်ခြံကို လက်နဲ့ ကုတ်လိုက်တဲ့အခါမှာ ပိုပြီးတော့ ပျံ့နှံ့သွားတာမျိုး ၊ infection တွေ ဝင်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် ကုရခက်တဲ့ အမာရွတ်တွေပါ ထင်ကျန်ခဲ့စေနိုင်ပါတယ်။
Professional တစ်ဦးရဲ့ အကြံပြုချက်များ
အလှအပရေးရာနဲ့ ဝက်ခြံသမားတွေအတွက် နောက်ထပ်အကြံပြုချက်တွေကိုလည်း eauty by Emerald Page ရဲ့ Beauty Blogger ခွာညိုမြင့်သူက ခုလိုပြောပြပါတယ်။
healthdigest.com
“နောက်တစ်ခုက SKIN CARE သုံးတဲ့ အခါမှာ Moisture လိမ်းပေးဖို့ လိုတယ်။ Moisture က အချို့ကျတော့ အဆီပြန်မယ်၊ ဝက်ခြံပိုထွက်လိမ့်မယ်ဆိုပြီးSkip လိုက်တာ တွေ လုပ်ကြတယ်။ တကယ်တမ်းကျတော့ Moisture ကို ကိုယ့်အသားအရေနဲ့ ကိုက်မယ့် Gel type ကို သုံးပေးသင့်ပါတယ်။
ဝက်ခြံပေါက်တာက အဓိကကတော့ အလှပျက်စေတာပေါ့။ မျက်နှာရောင်ယမ်းစေတယ်။ ခုခေတ်ဆိုရင် စိတ်ချရတဲ့ ဆေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ်ရောင်းနေတဲ့ ပစ္စည်းမျိုး သုံးဖို့ လိုတယ်။ နောက်တစ်ခုက Skincare ဝယ်တော့မယ်ဆိုရင် facebook ပေါ်က Review ပဲ မကြည့်ဘဲ Googling လုပ်ပါ ။ ဒီ Brand က Worldwide မှာ လူသုံးများလား ၊ လူရောကြိုက်ရဲ့လား ၊ Feedback ကရော ဘယ်လိုနေလဲဆိုတာတွေကို Googling လုပ်ပြီး မှ သုံးဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ မျက်နှာက အရမ်းကို နူးညံ့တယ်။ မျက်နှာပေါ်မှာ တင်မယ့် Skincare ကို သူများက ကောင်းတယ် ဝယ်သုံးဆိုပြီး ဝိုင်းရောင်းနေ ၊ ဝိုင်းညွှန်းနေတိုင်း ဝယ်မသုံးသင့်ဘူး။”
လူတစ်ယောက်ကို ကြည့်ပြီဆိုရင် မျက်နှာကိုသာ အရင်ဆုံး ကြည့်တတ်မြင်တတ်ကြတာဖြစ်တဲ့အတွက် မျက်နှာမှာ ဝက်ခြံတွေ များနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျစေပါတယ်။ လွဲမှားတဲ့ အပြုအမူတွေ ပြုလုပ်မိရင်လည်း အမာရွတ်တွေ ထင်ကျန်တာ ၊ ရုပ်ပျက်သွားစေတာတွေ ဖြစ်တတ်တဲ့ အတွက် အခုအချက်တွေကို သေချာ ဂရုတစိုက် လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ဝက်ခြံကင်းမဲ့တဲ့ လှတစ်မျက်နှာလေးကို ရရှိပိုင်ဆိုင်စေမှာ သေချာပါတယ်။