ဘလွန်ဒေါ ၇ ဆုရှင်ဟာ အာဂျင်တီးနားအသင်းကို သောကြာနေ့ည လူဆေးလ်ကွင်းမှာ အလှည့်အပြောင်းမြန်ဆန်တဲ့ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ သောကြာနေ့ညမှာ အာဂျင်တီးနားက နယ်သာလန်ကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ရှားရှားပါးပါး တော်တော်လေး ဒေါသပေါက်ကွဲနေခဲ့ပြီး နယ်သာလန်နည်းပြ ဗန်ဟားလ်ကို တော်တော်လေး စိတ်အချဉ်ပေါက်နေကြောင်း ပြသခဲ့ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ အာဂျင်တီးနားအသင်းကို သောကြာနေ့ည လူဆေးလ်ကွင်းမှာ အလှည့်အပြောင်းမြန်ဆန်တဲ့ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ၁၉၈၆ ခုနှစ်ကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြင်းမရှိတော့တာဖြစ်ပြီး လီယွန်နယ် မက်ဆီအတွက်လည်း လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလားရရှိဖို့ ကြိုးပမ်းမှုဖြစ်တာကြောင့် ဖိအားတွေ မြင့်မားနေတာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ကြားမှာ အချင်းများမှုတွေနဲ့ ပွဲက ပေါက်ကွဲအားပြင်းထန်တဲ့ ချိန်ကိုက်မိုင်းတစ်လုံးလို ဖြစ်နေခဲ့ပြီး ပထမဆုံး ပြဿနာတက်ခဲ့တာကတော့ မက်ဆီက အာဂျင်တီးနားအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပြီးနောက် အောင်ပွဲခံချိန်မှာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ပင်နယ်တီကနေတဆင့် အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားဂန္တဝင် ရီကွယ်မီးကို ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းရဲ့ နား ၂ ဖက်ကို စွင့်ထားတဲ့ပုံစံနဲ့ နယ်သာလန်အရန်ခုံတန်းဘက်ကို မျက်နှာမူပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဗန်ဟားလ်ဟာ လီယွန်နယ် မက်ဆီကို တုံ့ပြန်တဲ့အနေနဲ့ ဗောက် ဗက်ဟော့တ်စ်ကို လူစားဝင်ကစားစေခဲ့ပြီး ဒတ်ချ်ကြယ်ပွင့်ဟာ အချိန်ပိုထိ ဆက်သွားခဲ့ရစေတဲ့ ချေပဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အီမီ မာတီနက်ဇ်ရဲ့ သူရဲကောင်းဆန်တဲ့ လက်စွမ်းပြ ကာကွယ်မှုကြောင့် ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး မက်ဆီဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံပြီးနောက် ဥမင်လျှောက်လမ်းထဲမဆင်းခင် နယ်သာလန်နည်းပြ ဗန်ဟားလ်ကို ချဉ်းကပ်ပြီး လက်ဟန်ခြေဟန်တွေနဲ့ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။။



နယ်သာလန်လက်ထောက်နည်းပြ အက်ဂါ ဒေးဗစ်က ကြားဝင်ပြီး လီယွန်နယ် မက်ဆီကို စိတ်အေးအေးထားဖို့ ဖျောင်းဖျခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဗက်ဟော့တ်စ်ရဲ့ လူစားဝင်ကစားမှုက နယ်သာလန်ရဲ့ ပွဲအစီအစဉ်ကို ပြောင်းလဲသွားစေခဲ့တာကိုလည်း မကျေမနပ်ဖြစ်ခဲ့ပုံပေါ်ပါတယ်။ နယ်သာလန်အသင်းဟာ ဗက်ဟော့တ်စ်ရဲ့ သိသိသာသာ မြင့်မားတဲ့အရပ်အမောင်းကြောင့် ဖြတ်တင်ဘောတွေကို အားထားခဲ့တာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ပီအက်စ်ဂျီကြယ်ပွင့်က ပွဲအပြီးအင်တာဗျူးမှာ ဗန်ဟားလ်ရဲ့ ကစားကွက်ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

"ဗန်ဟားလ်က သူတို့က ဘောလုံးကစားပုံကောင်းကောင်း ကစားနိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် သူ လုပ်ခဲ့တာက အရပ်ရှည်တဲ့လူတွေထည့်ပြီး အမြင့်ဘောတွေ ဖြတ်တင်တာပဲ လုပ်ခဲ့တယ်။ ဒိုင်လူကြီးအကြောင်း ကျွန်တော် မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား ရိုးသားနိုင်မှာမဟုတ်လို့ပါ။ ခင်ဗျား ပြောရင် ခင်ဗျားကို ဒဏ်ခတ်လိမ့်မယ်။ ဖီဖာက အဲဒီအကြောင်းကို စဉ်းစားရမယ်။ သူတို့တွေ ဒီလို အချိန်မျိုးအတွက် ဒီလို ဒိုင်လူကြီးမျိုးကို ထည့်လို့မရနိုင်ပါဘူး။ သူတို့တွေ ကိုယ်လုပ်ရမယ့်အလုပ်ကို မလုပ်နိုင်တဲ့ ဒိုင်လူကြီးကို တာဝန်ပေးလို့ မရနိုင်ပါဘူး"လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က