ဒီ ပေါလ်က ဘလွန်ဒေါ ၇ ဆုရှင်နဲ့ လိုက်ဖက်ခြင်းမရှိတဲ့ နာမည်ပြောင်အသစ်ကို ပေးခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၎င်းနဲ့ လုံးဝကို မလိုက်ဖက်တဲ့ နာမည်ပြောင်အသစ်ကို အာဂျင်တီးနားအသင်းဖော်တစ်ဦးရဲ့ ပေးခြင်းကို ခံခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ခရိုအေးရှားကို ၃-၀ နဲ့ အနိုင်ရရှိအောင် ကမ္ဘာ့ထိပ်တန်းခြေစွမ်း ပြသခဲ့ပြီး တနင်္ဂနွေနေ့မှာ ပြင်သစ်အသင်းနဲ့ ဗိုလ်လုပွဲအဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၃-၀ နဲ့ ဦးဆောင်နိုင်စေမယ့် ဒုတိယပိုင်းက ယူလီယန် အဲဗရက်ဇ်ရဲ့ သွင်းဂိုးကို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးဖန်တီးမှုတွေထဲက တစ်ခုကို မပြုလုပ်မီ ပထမပိုင်းမှာ ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ လီယွန်နယ် မက်ဆီရဲ့ အသင်းဖော် ရိုဒရီဂို ဒီ ပေါလ်က ဘလွန်ဒေါ ၇ ဆုရှင်နဲ့ လိုက်ဖက်ခြင်းမရှိတဲ့ နာမည်ပြောင်အသစ်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ "ကံကောင်းတာက ကျွန်တော်တို့မှာ သားရဲကောင်ကြီးရှိနေတာပါ။ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ ကစားနေပေမယ့် ကျွန်တော်တို့အတွက်ကတော့ လီယိုက အသင်းခေါင်းဆောင်ပါ။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပါ။ သူက အစ်ကိုကြီးတစ်ယောက်လိုမျိုးဖြစ်ပြီး ကျွန်တော် အမြဲတမ်း သူ့ဘက်ကနေ ကာကွယ်သွားမှာပါ"

"အမြဲတမ်း အကောင်းဆုံးကစားသမားဖြစ်နေဖို့အတွက် သူ လုပ်နေတာတွေကို လူအနည်းငယ်ကသာ သိပြီး သူ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးနောက်မှာ ကျွန်တော် သူ့ကို အပျော်ရွှင်ဆုံးလူ ဖြစ်စေချင်ပါတယ်။ သူက ကမ္ဘာ့ဖလားနဲ့ အများကြီး ထိုက်တန်တဲ့သူပါ"လို့ ပြောကြားခဲ့ပါတယ်။ အရပ် ၅ ပေ ၇ လက်မသာရှိတဲ့ လီယွန်နယ် မက်ဆီအတွက်တော့ ပုံပန်းသွင်ပြင်အရ သားရဲကောင်ကြီးနဲ့ တစက်မှ မတူပေမယ့်လည်း ဒီ ပေါလ်က ၎င်းရဲ့ ဘောလုံးအရည်အချင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

က္က