ယူနိုက်တက်နဲ့သတင်းတွေကို ဆောက်ဂိတ်က ငြင်းဆန်ခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်က သူ့အနေနဲ့ ယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ အဆိုပါနည်းပြဟာ လာမယ့်​ဒီဇင်ဘာလမှာ အင်္ဂလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။



အင်္ဂလန်ဟာ လာမယ့် ယူရို - ၂၀၂၄​ ပြိုင်ပွဲကို ပါဝင်ဆင်နွှဲဦးမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ဆောက်ဂိတ်က သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ဆောက်ဂိတ်ကို အသင်းမှာဆက်ရှိနေဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချပ်က ဆန္ဒရှိနေပါတယ်။

ဒါပေမယ့်လည်း ဆောက်ဂိတ်ကတော့ ယူရိုပြိုင်ပွဲအပြီးမှသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာပါ။ ဒီလိုအချိန်မျိုးမှာပဲ ဆောက်ဂိတ်တစ်ယောက် ယူနိုက်တက်နည်းပြဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ယူနိုက်တက်ပရိသတ်တွေကတော့ သူ့ကို အလိုမရှိကြောင်း ပြောကြားထားပါတယ်။ ဆောက်ဂိတ်ကိုယ်တိုင်ကလည်း “ကျွန်တော့်မှာ အမြင်နှစ်ခုရှိပါတယ်။ ပထမအချက်က ကျွန်တော်ဟာ အင်္ဂလန်နည်းပြဆိုတာပါပဲ”

“ကျွန်တော့်ဆီမှာ အခြေခံကျတဲ့ အလုပ်တစ်ခုရှိပါတယ်။ ဒါကတော့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ကြိုးစား စွမ်းဆောင်ပေးဖို့ပါ။ ဒီမတိုင်ခင်အတွက် အခုချိန်မှာ အရေးပါတဲ့ ပွဲနှစ်ပွဲရှိပါတယ်။ နောက်တစ်ချက်ကတော့ ယူနိုက်တက်မှာလည်း နည်းပြရှိပြီးသားပါ။ နည်းပြတစ်ယောက်က ငုတ်တုတ်ရှိနေချိန်မှာ ဒါမျိုး သတင်းတွေက လုံးဝကို လေးစားမှုကင်းမဲ့တာပါပဲ”

“ကျွန်တော်က လိဂ်မန်နေဂျာအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒီတော့ ဒီလိုသတင်းတွေကို ဖြေရှင်းနေဖို့ အချိန်မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်ကို ယူရိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ၊ ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်တို့ကို ပို့ဆောင်ပေးခဲ့ဖူးတဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က