အလွန်ဆိုရဲ့ဆုံးဖြတ်ချက်အပေါ် ကလော့ပ်က မှတ်ချက်ပေးခဲ့တာပါ။

လီဗာပူးနည်းပြကြီး ယာဂင်ကလော့ပ်က လာမယ့်ရာသီ လေဗာကူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အလွန်ဆိုနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အဆိုပါ စပိန်လူမျိုးနည်းပြဟာ လီဗာပူးမှာ ကလော့ပ်ရဲ့နေရာကို ဆက်ခံဖို့ ထင်ကြေးပေး သတ်မှတ်ခံခဲ့ရတာပါ။



ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ လီဗာပူးရဲ့ အဆိုပါကစားသမားဟောင်းကြီးက လေဗာကူဆင်မှာပဲ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နောက်နှစ် ဘောလုံးရာသီကုန်အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လာမယ့်နွေရာသီမှာ ကလော့ပ်နဲ့ လမ်းခွဲမယ့် လီဗာပူးတို့ အခြားနည်းပြသစ်တစ်ယောက်ကို ရှာဖွေရတော့မှာပါ။

အလွန်ဆိုရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကလော့ပ်က “ပထမအချက်အနေနဲ့ အလွန်ဆိုက လူငယ်နည်းပြတစ်ယောက်အနေနဲ့ တကယ်ကို ပုံစံကောင်းပြနေတယ်ဆိုတာပါပဲ။ ကျွန်တော်လည်း သူ့လိုပဲ အလားတူ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ တော်တော်လေးကို တူညီတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ဖူးတာပါ”

“ဒါပေမယ့်လည်း ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး။ တော်တော်လေးများနိုင်တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ အလွန်ဆိုက လေဗာကူဆင်မှာ အံ့အားသင့်ဖွယ်အရာတွေကို စွမ်းဆောင်ပြနေပါတယ်။ အဲ့ဒီအသင်းက တကယ်ကို ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဒီအသင်းကို လာမယ့်ရာသီမှာလည်း ဒီအတိုင်း ဆက်ထိန်းထားနိုင်ပါတယ်”

“ဒါမျိုးက နှစ်တိုင်း၊ နှစ်တိုင်း မဖြစ်နိုင်ပါဘူး။ အလွန်ဆိုက ဒါမျိုးကို လုပ်ပြချင်တာ ကျွန်တော် နားလည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ ဒီရာသီမှာ ရှုံးပွဲလုံးဝမရှိတဲ့ တစ်သင်းတည်းသော ဥရောပထိပ်တန်းလိဂ်က အသင်းတစ်သင်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးဖို့ပါ နီးစပ်နေပါတယ်။

Share

Loading Next Article...
က္က