တစ်ဦးက မကွေးတိုင်းတောင်တွင်းကြီးကဖြစ်ပြီး တစ်ဦးက ပုသိမ်၊ပန်းတနော််က ဖြစ်ပါတယ်။

ဇွန်လလယ်ကစပြီး ရောဂါပိုးတွေ့ရှိခဲ့တဲ့ ပြည်တော်ပြန်တွေထဲမှာ မလေးရှားပြန်တစ်ဦးနဲ့ ယူအေအီးပြန်တစ်ဦးတို့မှာ ရောဂါပိုးကင်းစင် သွားပြီ ဖြစ်ပြီး နောက်ထပ် မလေးရှားပြန်နှစ်ဦးမှာ တစ်ကြိမ်စီ ရောဂါပိုး Negative ပြနေပါပြီ။

နိုင်ငံတော် အစိုးရအစီအစဥ်နဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို လေယာဥ်ဖြင့် ပြန်လည်ရောက်ရှိလာသူတွေအနက် နှစ်ဦးဟာ ပိုးတွေ့ရှိပြီး နှစ်ပတ်အကြာမှာ ရောဂါပိုးတစ်ကြိမ်စီ Negative ပြနေပြီလို့ သိရပါတယ်။



ယခု Negative တစ်ကြိမ်စီပြနေတဲ့ လူနာတွေက လူနာအမှတ် ၁၈၉ (မကွေး) နဲ့ လူနာအမှတ် ၁၉၁ (ပုသိမ်မြို့) တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လေယာဉ်တစ်စင်းထဲအတူ ပြန်လာသူများဖြစ်ပြီး မေလ ၁၉ ရက်နေ့က COVID-19 ရောဂါပိုး စတင်တွေ့ရှိပြီးနောက် နှစ်ပတ်ခန့်အကြာ ဒုတိအကြိမ်စစ်ဆေးရာမှာ Negative ပြခဲ့တာလို့ သိရပါတယ်။

ပုသိမ်မြို့၊ပန်းတနော်က လူနာအမှတ် ၁၉၁ နဲ့ ပတ်သက်ပြီး “လူနာက ကျန်းမာရေးကောင်းပါတယ်။လက်ရှိမှာ တစ်ကြိမ် ရောဂါပိုးမတွေ့ထားပဲ ဒီနေ့မှာ တတိယအကြိမ်ဆေးထပ်စစ်မှာ ပါ။အဖြေကတော့ မနက်ဖြန်မှ သိရပါလိမ့်မယ်။လောလောဆယ်တစ်ကြိမ်ရောဂါပိုးမတွေ့တဲ့အနေအထားမှာတော့ ဆေးရုံ မှာပဲ ဆက်လက်ကုသမှုပေးနေပြီး နှစ်ကြိမ်ရောဂါပိုးမတွေ့တော့ရင်တော့ ကွာရန်တင်းစင်တာမှာ ပြောင်းရွှေ့ထားရှိသွားမှာပါ။” လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

မလေးရှားက ပြန်လာသူ လူနာအမှတ် ၁၈၉ က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ကဖြစ်ပြီး မေလ ၃၁ရက်နေ့ က ဒုတိယအကြိမ် ဆေးထပ်မံစစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရတော့ဘူးလို့ တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးဇော်မင်းထွန်းက Duwunကို ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ပြည်တော်ပြန်တွေထဲက ပိုးကင်းစင်သွားသူ နှစ်ဦးရှိပြီး အဆိုပါ လူနာတွေကတော့ မလေးရှားပြန် လူနာအမှတ် ၁၈၄နဲ့ ယူအေအီးပြန် လူနာအမှတ် ၁၉၃တို့ဖြစ်ပါတယ်။

မေလ ၁၆ ရက်ကစပြီး ပြည်တော်ပြန်များမှာ ရောဂါပိုးတွေ့ရှိမှုဟာ ယနေ့မနက် ၇ နာရီထုတ်ပြန်ချက်အထိ စုစုပေါင်း ၄၆ ဦးရှိပါတယ်။ ပြည်တွင်းရောဂါပိုးကူးစက်မှုကတော့ မေလ ၁၈ရက်နေ့ကစပြီး မတွေ့ရှိရတော့ဘဲ အခုဆိုရင် ပြည်တွင်းကူးစက်မှု ရပ်တန့်သွားတာ ၁၅ရက် တိုင်တိုင် ရှိလာခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က