ဆီလန်ဂေါအတွက် တော်တော်လေးခြေစွမ်းပြနေတာပါ။

ဟိန်းထက်အောင်ဟာ မလေးရှားပရီးမီးယားလိဂ်၊ မလေးရှားစူပါလိဂ် နဲ့ လိဂ်ဖလားပွဲ အစရှိတဲ့ ပြိုင်ပွဲ ၃ ရပ်မှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။


မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါ်အသင်းမှာ ကစားနေတဲ့ မြန်မာကစားသမား ဟိန်းထက်အောင်ဟာ မနေ့က မလေးရှားဖလားပြိုင်ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ဆီလန်ဂေါက ကူချင်းအသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဟိန်းထက်အောင်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဒီလိုဂိုးသွင်းယူနိုင်ခဲ့မှုနဲ့အတူ ဟိန်းထက်အောင်ဟာ မလေးရှားပရီးမီးယားလိဂ်၊ မလေးရှားစူပါလိဂ် နဲ့ လိဂ်ဖလားပွဲ အစရှိတဲ့ ပြိုင်ပွဲ ၃ ရပ်မှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားပေးနေတဲ့ ဟိန်းထက်အောင်ဟာ အသင်းကြီးမှာ ပုံမှန်ကစားခွင့်ရရှိနေခဲ့ပြီး မနေ့ကပွဲမှာလည်း ပွဲချိန် စက္ကန့် ၃၀ မှာပဲ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဆီလန်ဂေါအသင်းအတွက် ဒီရာသီမှာ အကျိုးအရှိဆုံးခေါ်ယူမှုတစ်ခုဖြစ်တယ်လို့ အသင်းပရိသတ်တွေကိုယ်တိုင်က ထုတ်ဖော်ပြောကြားခဲ့တဲ့အထိ သူက ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်မှာ ဟံသာဝတီယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြခဲ့ပြီးနောက် မလေးရှားကို ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပြီး ဆီလန်ဂေါ (၂) မှာ ဟိန်းထက်အောင်က စတင်ကစားခဲ့ရတာဖြစ်ပါတယ်။


အဆိုပါအသင်းမှာ ခြေစွမ်းပြခဲ့ပြီးနောက် သူ့ကို အသင်းကြီးဆီချက်ချင်းခေါ်ယူခဲ့တာဖြစ်ပြီး စူပါလိဂ်မှာလည်း ခြေစွမ်းကောင်းတွေကို ပြသနေခဲ့ပြီး အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မလေးရှားစူပါလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကလည်း ဟိန်းထက်အောင်ကို သီးသန့်အင်တာဗျူးပြုလုပ်ခဲ့ပြီး ကစားသမားအကြောင်းကို အကျယ့်တဝင့်ဖော်ပြတဲ့အထိ တောက်ပနေတာလည်းဖြစ်ပါတယ်။ 

Share

က္က