မလေးရှားအရသာပွဲဆိုတာကတော့ မလေးရှားနိုင်ငံရဲ့ အကောင်းဆုံးနဲ့ အဆင့်မြင့်ထုတ်ကုန်၊ အမှတ်တံဆိပ်၊ ဝန်ဆောင်မှုလုပ်ငန်း စတာတွေကို မြန်မာနိုင်ငံက စားသုံးသူတွေထံ ဆောင်ကျဥ်း ချိတ်ဆက်ပေးမယ့် တံတားတစ်စင်းပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး၊စီးပွားရေးအပြင် ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို မိတ်ဆက်ပြသတင်ဆက်သွားမယ့် မလေးရှားအရသာပွဲကို အွန်လိုင်းပေါ်မှာ ကျင်းပသွားမှာ ဖြစ်သလို စားသုံးသူတွေကိုယ်တိုင် လာရောက်လေ့လာနိုင်အောင် ရန်ကုန်မြို့ရှိ နေရာအချို့မှာပါ ခင်းကျင်းပြသ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွေ၊ အချက်အပြုတ်နဲ့ မုန့်ဖုတ်တာတွေအပါအဝင် မော်တော်ကားတွေကို ခင်းကျင်းပြသသွားမယ့် အစီအစဉ်တွေ၊ ဖက်ရှင်ရှိုးတွေနဲ့ အတူ ကြည့်ရှုသူတွေအတွက် စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်တွေလည်း ပါရှိမှာ ဖြစ်ပါတယ်။ မလေးရှားအရသာပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မလေးရှားထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေအပြင်မသိသေးတဲ့သူတွေပါပိုမိုသိရှိလာဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံ နှစ်ဦးနှစ်ဖက်ကြားမှာ လူမှုရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေအပါအဝင် စီးပွားကူးသန်းမှု တိုးတက်မြင့်မား လာစေဖို့ ရည်ရွယ်ပါတယ်။



မလေးရှားအရသာပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ မလေးရှား ကုန်သွယ်ရေးမဟာမင်းကြီး Mr. Azahar Mohamed က ယခုလိုပြောကြားပါတယ်။ “မလေးရှားအရသာပွဲဆိုတာ မြန်မာနိုင်ငံအတွင်းရရှိနိုင်တဲ့ တမူထူးခြားပြီး အရည်အသွေးမြင့်တဲ့ မလေးရှား ထုတ်ကုန်တွေ၊ အမှတ်တံဆိပ်တွေနဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှ စားသုံးသူတွေနဲ့ ထိတွေ့ ချိတ်ဆက်ပေးမယ့် ပေါင်းကူးတံတားတစ်ခုလိုပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ အကောင်းဆုံးသော ယဉ်ကျေးမှု ဓလေ့တွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ခင်းကျင်းပြသပြီး တွေ့ကြုံခံစားနိုင်မယ့် အရာမျိုးကို ကျွန်တော်တို့အနေနဲ့ ဖန်တီးပေးချင်တာ ဖြစ်ပါတယ်။”

အဓိကအနေနဲ့ မလေးရှားအရသာပွဲကို ဒီဇင်ဘာလ ၄ရက်၊ ၁၁ရက်၊ ၁၈ရက်တွေမှာ နေ့လယ် ၁ နာရီကနေ ၂ နာရီအထိ သုံးရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပြီး မလေးရှားအရသာ Facebook စာမျက်နှာနဲ့ Duwun Facebook စာမျက်နှာတို့မှာ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။မလေးရှားအရသာပွဲရဲ့ ပထမဆုံးနေ့ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ “မလေးရှားအရသာ ချစ်ခြင်းမေတ္တာ မျှဝေပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ မလေးရှား အမှတ်တံဆိပ်ထုတ်ကုန် တွေကိုသာ ခင်းကျင်းပြသသွားမှာမဟုတ်ဘဲ လူမှုအကျိုးပြု အစီအစဉ်အဖြစ် မိတ်ဖက်လက်တွဲဖော်တွေအနေနဲ့ ထောက်ပံ့လှူဒါန်းထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ တည်ထောင်ထားတဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာနဲ့ ချိတ်ဆက်ပြီး မိဘမဲ့ဂေဟာမှာ နေထိုင်လျက်ရှိတဲ့ ကလေးငယ်တွေအတွက် ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။

အချက်အပြုတ်ဝါသနာပါပြီး အစားကောင်းကောင်းစားရတာ ကြိုက်နှစ်သက်သူတွေ အတွက်လည်း ဒုတိယမြောက်နေ့မှာ “မလေးရှားအရသာ အစားအစာမျှဝေပါ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အချက်အပြုတ်နဲ့ မုန့်ဖုတ်ပြတာတွေကို ပြုလုပ်သွားမှာပါ။ အကောင်းဆုံး မလေးရှား အမှတ်တံဆိပ်ထုတ်ကုန်တွေကို အသုံးပြုပြီး အရသာကောင်းမွန်ပြီး စီမံရလွယ်ကူတဲ့ မလေးရှားဟင်းလျာတွေကို ကြည့်ရှုသူတွေကိုယ်တိုင် ဘယ်လို စီမံချက်ပြုတ်၊ မုန့်ဖုတ်တာတွေ လုပ်လို့ရမလဲဆိုတာကို Pan Pacific နဲ့ Wyndham Grand Yangon Hotel ကနာမည်ကျော် စားဖိုမှုးတွေက လက်တွေ့ ချက်ပြုတ်လုပ်ဆောင်ပြသပေးသွားမှာ ဖြစ်ပါတယ်။

တတိယမြောက်ရက်ဖြစ်တဲ့ နောက်ဆုံးရက်မှာတော့ “ မလေးရှားအရသာ အတွေ့အကြုံတွေ မျှဝေပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မလေးရှားနိုင်ငံရဲ့ ထိပ်တန်း ဒီဇိုင်နာ Gillian Hung မှ ဦးဆောင်ပြီး အခြား မလေးရှားနိုင်ငံသား ဖက်ရှင် ဒီဇိုင်နာတွေပါဝင်ပြသမယ့် ဖက်ရှင်ရှိုးအပြင် မလေးရှားနိုင်ငံ မော်တော်ကားနယ်ပယ်မှာ နာမည်ကျော်ကြားတဲ့ မလေးရှားနိုင်ငံမှာ ထုတ်လုပ်တဲ့ Nissan အမှတ်တံဆိပ် မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်ပြသမယ့် ကားရှိုးကို Tan Chong Motors Myanmar မှ ကြီးမှူးပြီး Junction City မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ ကျင်းပမယ့် မလေးရှားအရသာပွဲအပြင် ထပ်လောင်းအနေနဲ့ ရန်ကုန်ရဲ့ နေရာအချို့မှာပါ ကျင်းပမယ့် မလေးရှားအရသာပွဲကိုတော့

Junction City မှာ ဒီဇင်ဘာ ၃ ရက်မှ ၈ ရက်အထိ

Junction Square မှာ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ

Junction Mawtin မှာ ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ

Kantharyar Center မှာ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ အသီးသီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာတစ်လလုံးလိုလို ကျင်းပသွားမယ့် မလေးရှားအရသာ အွန်လိုင်းပွဲနဲ့ ရန်ကုန်ရဲ့ ရှော့ပင်းမောတွေမှာ ကျင်းပမယ့် မလေးရှားအရသာပွဲမှာတော့ ၂၅၀ကျော်ရှိတဲ့ ထုတ်ကုန်၊ အမှတ်တံဆိပ်တွေကို မြန်မာနိုင်ငံတွင်းမိတ်ဖက်လက်တွဲဖော်တွေနဲ့အတူ မလေးရှားအမှတ်တံဆိပ် စုစုပေါင်း ၁၁၀ ကျော် ပါဝင် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒီလိုထူးထူးခြားခြား ကျင်းပသွားမယ့် မလေးရှားအရသာပြပွဲမှာ မလေးရှားထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်း၊ အိမ်အသုံးအဆောင်ပစ္စည်း၊ အချက်အပြုတ်ပစ္စည်း၊ ကလေးအသုံးအဆောင်ပစ္စည်း၊ ကျန်းမာရေးဆိုင်ရာထုတ်ကုန်တွေ၊ စားသောက်ဆိုင်တွေ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတို့အပြင် အွန်လိုင်း ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုတွေ (e-payment service) တွေကို ခင်းကျင်းပြသသွားမှာပါ။

Duwun စာဖတ်ပရိသတ်တွေအနေနဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူ ချစ်ခြင်းမေတ္တာတွေနဲ့အတူ အရသာရှိတဲ့ အစားအစာတွေနဲ့ အတွေ့အကြုံတွေကို မျှဝေကြရင်း မလေးရှားအရသာပွဲမှာ ပါဝင်ဆင်နွှဲဖို့ တိုက်တွန်း ဖိတ်ခေါ်လိုက်ပါရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က