ဟိန်းထက်အောင်ဟာ မလေးရှားစူပါလိဂ်နဲ့ လိဂ်ဖလားပွဲတွေမှာ သွင်းဂိုး ၂ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ကာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

ဆီလန်ဂေါပရိသတ်တွေကလည်း အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုတစ်ခုအဖြစ် တိုက်စစ်မှူး အိုမိုဆူရီနဲ့အတူ သတ်မှတ်ထားခဲ့ကြတယ်လို့ malaysian football league ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။ 


ဆီလန်ဂေါအသင်းက ခေါ်ယူခဲ့တဲ့ မြန်မာလူငယ်ကစားသမားဟိန်းထက်အောင်အပေါ်မှာ မလေးရှားလိဂ်ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုတွေက မြင့်တက်နေပါတယ်။ ဟံသာဝတီယူနိုက်တက်မှာခြေစွမ်းပြခဲ့တဲ့ ဟိန်းထက်အောင်ဟာ မလေးရှားစူပါလိဂ်နဲ့ လိဂ်ဖလားပွဲတွေမှာ သွင်းဂိုး ၂ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ကာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ 


အသက် ၂၀ အရွယ်သာရှိသေးပေမယ့် ဒီကစားသမားရဲ့ လျင်မြန်သွက်လက်မှုနဲ့ ယုံကြည်မှုမြင့်မားမှုက တော်တော်လေးအားရစရာကောင်းနေပြီး ဆီလန်ဂေါပရိသတ်တွေကလည်း အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုတစ်ခုအဖြစ် တိုက်စစ်မှူး အိုမိုဆူရီနဲ့အတူ သတ်မှတ်ထားခဲ့ကြတယ်လို့ malaysian football league ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။ 

ကစားသမားအနေနဲ့လည်း ဆီလန်ဂေါကို ပြောင်းရွှေ့ခဲ့ရတဲ့အပေါ်မှာ ကျေနပ်ပျော်ရွှင်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဟံသာဝတီယူနိုက်တက်မှာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့ပြီးနောက် ဆီလန်ဂေါကို ပြောင်းရွှေ့ခဲ့မှုက သူ့ရဲ့ကစားသမားဘဝကို နောက်တဆင့်မြင့်စေခဲ့တယ်လို့လည်း စဉ်းစားခဲ့ကြောင်း မြန်မာကစားသမားက ဆိုပါတယ်။ 


မလေးရှားလိဂ်ရဲ့ အဆင့်အတန်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အပေါ် ဟိန်းထက်အောင်က ကောင်းကောင်းနားလည်သဘောပေါက်ထားပြီး ပရော်ဖက်ရှင်ကစားသမားတစ်ဦးအနေနဲ့ သူ့ရဲ့ခြေစွမ်းကို တိုးတက်လာစေမှုတွေရှိမယ်လို့လည်း ယုံကြည်နေပါတယ်။ 

"ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ကျွန်တော့်ကိုယ်ပိုင်ရည်မှန်းချက်တွေရှိပါတယ်၊ ဆီလန်ဂေါနဲ့အတူပေါ့၊ ဒီအသင်းကိုပြောင်းရွှေ့နိုင်ခဲ့တာက ကျွန်တော့်ရဲ့ကြီးမားတဲ့အောင်မြင်မှုတွေထဲကတစ်ခုပါ၊ ဆီလန်ဂေါကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာက မှန်ကန်ခဲ့ပါတယ်၊ ပြီးပြည့်စုံမှုတွေလည်းရှိခဲ့လို့ အရမ်းလည်းပျော်ရွှင်ရပါတယ်"

"ဆီလန်ဂေါက မလေးရှားဘောလုံးလောကမှာဆိုရင် အသင်းကြီးတွေထဲက တစ်သင်းပါပဲ၊ ကျွန်တော့်အတွက် စိတ်ဝင်စားစရာအတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်၊ အသင်းဖော်တွေကို အမြဲတမ်းကူညီပေးချင်တယ်၊ ဘာလို့လဲဆိုတော့ ဒီအသင်းက ကျွနေ်တာ့်ရဲ့ တစိတ်တပိုင်းဖြစ်နေခဲ့လို့ပါ" လို့ ဟိန်းထက်အောင်က ပြောဆိုခဲ့ပါတယ်။ 

ဟိန်းထက်အောင်ဟာ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့အလားအလာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ဟံသာဝတီယူနိုက်တက်အတွက် ၆ ဂိုးသွင်းပြီး ၉ ကြိမ်ဖန်တီးပေးနိုင်တဲ့နောက်မှာ သူ့ကို အားလုံးက သတိထားမိလာခဲ့ပြီး ဒီရာသီအစမှာ ဆီလန်ဂေါ (၂) ကို ရောက်ရှိခဲ့တာပါ။ 


အခြားကစားသမားတွေဖြစ်တဲ့ မန်နူရယ်ကွန်နာ့ဒ် နဲ့ တင်မ်ဟူဘက်တို့ ဒဏ်ရာပြသနာတွေရှိချိန်မှာတော့ သူ့အတွက် အခွင့်အရေးရလာခဲ့ပြီး အသင်းကြီးအတွက် ကစားပေးဖို့ခေါ်ယူခံခဲ့ရတာပါ။ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ်နဲ့ သူကကစားပေးခဲ့ပြိး အိုလီဗာဘက်ဖ်နဲ့ အတွဲညီညီကစားနို်င်ခဲ့ပြီး တိုက်စစ်ပိုင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ 

"မလေးရှားမှာက ဘယ်ပွဲမဆို တော်တော်လေးပြိုင်ဆိုင်မှုပြင်းထန်တယ်၊ ဒီမှာကစားဖို့ဆိုတာကလည်း မလွယ်ကူဘူး၊ မလေးရှားလိဂ်မှာကစားချင်တယ်ဆိုရင် ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာပါသန်မာပြီး အသင့်ဖြစ်နေမှရမှာ၊ ဘာလို့လဲဆိုတော့ အသင်းတိုင်းက အကောင်းဆုံးယှဉ်ပြိုင်နိုင်တဲ့အသင်းတွေချည်းပဲ" လို့ ဟိန်းထက်အောင်က ထပ်ပြောခဲ့ပါတယ်။ 

Share

က္က