Brand တွေကို အရမ်းရူးသွပ်ပြီး ဝယ်ခဲ့တာ။

လိုချင်တပ်မတ် စိတ်တွေနဲ့ Brand တွေကို အရမ်းဝယ်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်းက အခုချိန်မှာ အဲဒီအကြောင်းတွေ ပြန်စဥ်းစားမိတိုင်း သံဝေဂရမိတယ်လို့ ဆိုပါတယ်။

 

Photo : khun

ဝိုင်းစုခိုင်သိန်းအတွက်ကတော့ ငယ်စဥ်တုန်းက Brand တွေကို ရူးရူးမူးမူး ကြိုက်ခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။အခုချိန်မှာတော့ လိုချင်တပ်မတ်စိတ်တွေနဲ့ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ကြည့်တိုင်းလည်း သံဝေဂ ရမိတယ်လို့ Duwun ကို ပြောပါတယ်။

“ အမသာ မဖြုန်းခဲ့ဘူးဆိုရင် ဒီထက် ပိုလုပ်နိုင်ခဲ့မှာပေ့ါ။ ငယ်ငယ်တုန်းကဆိုရင် လိုချင်တပ်မတ်တဲ့ စိတ်တွေနဲ့ brand တွေလျှောက်ဝယ်တာတွေလုပ်ခဲ့တယ်။ brand ဆိုတာ ဒီတစ်ခု ဝယ်ရင် နောက်တစ်ခေါက်ကျ အသစ်ထပ်ထွက်တယ်အဲ့တော့ ဝယ်ထားတာက အဟောင်းဖြစ်တယ်အဟောင်းဖြစ်တော့ ဒီဟာက စျေးနည်းလားဆိုတော့ မနည်းဘူး အဲ့လိုဖြုန်းခဲ့တာတွေကို အစ်မ ကြည့်ကြည့်ပြီး သံဝေဂရတယ်။ ငါဒါဘာလို့ ဝယ်ခဲ့တာလဲ မသိဘူးဆိုပြီး။အဲ့ဒါတွေက အခုချိန်မှာ ဘာမှလည်းမဟုတ်ဘူးပြီးတော့ လက်ဝတ်လက်စားလို ပြန်ရောင်းလို့လည်း မရဘူး။ သိမ်းထားတော့လည်း ပျက်စီးသွားမှာလည်းစိုးရိမ်ရတယ်။ ဒါက ဒိတ်လည်း အောက်သွားရောဆိုတော့ ဘာမှ ပြန်သုံးလို့မရတဲ့ အရာတွေကို အမ cut out လုပ်လိုက်တယ်။ Brand ကို အရမ်းကြီး ရူးရူးသွပ်သွပ်နဲ့ အရင်လို မလုပ်တော့ဘူူး ဖြုန်းရလောက်အောင်လည်း အသက်အရွယ်အရ လည်းမလုပ်သင့်တော့ဘူးလို့ ထိန်းချုပ်လိုက်တယ်” လို့ သူမက ဆိုပါတယ်။

Photo : khun

သူမအနေနဲ့ Brand ဝယ်ပြီးသုံးဖြုန်းမယ့် ငွေကြေးကို လိုအပ်တဲ့နေရာမှာ လှူလိုက်တာ ပိုပြီး ထိရောက်တယ်လို့ သုံးသပ်မိကြောင်းသူမက ပြောပါတယ်။

” Brand ဝယ်ဖို့ အရမ်းပေါတယ်ဆိုရင်တစ်မျိုးပေါ့မဟုတ်ရင် မစဥ်းစားတေ့ာဘူး။ ကိုယ်သုံးဖြုန်းမယ့် ငွေကြေးတန်ဖိုးကို အစ်မ အလှူ တစ်ခုခု လုပ်လိုက် မယ်။ လိုအပ်တဲ့နေရာမှာပေးလိုက်တာ ပိုထိရောက်တယ်။ပွဲ တွေ ဘာတွေ တက်ဖို့လောက်တော့ ဝယ်ထားတာတော့ရှိတယ်။အရင်တုန်းကလိုတော့ ရူးရူးသွပ်သွပ်မရှိတော့ဘူး”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : khun

ဝိုင်းစုကတော့ လက်ရှိမှာ သီချင်းအသစ်တွေ ဖန်တီးနေတယ်လို့ဆိုပါတယ်။ ဝိုင်းစုခိုင်သိန်းကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂီတဘက်ကို ကူးပြောင်းလာရင်း မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ နဲ့ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 

 

Share

Loading Next Article...
က္က