လူတွေကိုလည်း ပိုးသတ်ဆေးဖြန်းဖို့မလိုအပ်ဘူးလို့ဆိုပါတယ်။

COVID- 19 ရောဂါကာကွယ်ရေးအတွက် လမ်းတွေပေါ် ပိုးသတ်ဆေးဖျန်းခြင်း လူတွေကို မလိုအပ်ပဲ ပိုးသတ်ဆေးဖျန်းတာတွေက ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရလည်း လမ်းမတွေပေါ်မှာလည်း ပိုးသတ်ဆေးဖျန်းခြင်းက ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်ကို မသုတ်သင်နိုင်တဲ့အပြင် ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်တယ်လို့ သတိပေး ပြောကြားထားပါတယ်။



“ တကယ်တော့ ပိုးသတ်ဆေးဖျန်းတယ်ဆိုတာက လူတွေနဲ့ ထိတွေ့ကိုင်တွယ်တဲ့ အရာဝထ္ထုတွေကိုလောက်ပဲ ဖျန်းတာ အကောင်းဆုံးပါ။ လမ်းမထက်မှာ ဖျန်းတာ လူတွေမှာဖျန်းတာက ပိုးသတ်ဆေးမှာ ပါတဲ့ ကလိုရင်းဓာတ်နဲ့ မတည့်ရင် မလိုလားအပ်ပဲအန္တရာယ်ရှိလာနိုင်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပိုးသတ်ဆေးကြောင့် ဆေးရုံရောက်လာတဲ့ လူနာတွေဘာတွေလည်းရှိခဲ့ပါသေးတယ်။ အဲဒါကြောင့် လူတွေကို ဆေးဖျန်းမယ်ဆိုရင် ကိုယ့်သဘောဆန္ဒအရလုပ်တာမဟုတ်ဘဲ တိုင်းကျန်းမာရေးရဲ့ အကြံဉာဏ်ကိုယူပြီး လုပ်သင့်တယ်” လို့ တိုင်းကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။ 

COVID- 19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ရောဂါကာကွယ်ရေးအနေနဲ့ ဟိုတယ်တွေ၊ ဈေးဝယ် စင်တာတွေနဲ့ စားသောက်ဆိုင်အချို့မှာ လာရောက်တဲ့သူတွေကို ပိုးသတ်ဆေးဖျန်းတာတွေလုပ်ဆောင်ခဲ့ကြပါယ်။ အခုလို လုပ်ဆောင်တာတွေကြောင့် ရန်ကုန်မှာ ပိုးသတ်ဆေးနဲ့ ထိတွေ့ပြီး ဆေးရုံရောက်လာတဲ့ လူနာတွေရှိလာတဲ့အတွက် ရန်ကုန်တိုင် းပြည်သူ့ကျန်းမာရေးဦးစီးဌာနက လူ့ခန္ဓာကိုယ်ပေါ် ပိုးသတ်ဆေးမဖျန်းဖို့အတွက် မေလ ၈ရက်နေ့က တားမြစ်ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က