ပြင်သစ်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ မက်ဆီကို နွေရာသီမှာ အလွတ်ထွက်ခွာခွင့်ပေးဖို့အတွက်ကို စဉ်းစားနေပြီလို့ သိရပါတယ်။ မက်ဆီဟာ ပြင်သစ်ကလပ်နဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး အပြီးသတ်လုပ်ဆောင်မှုမျိုးကို မလုပ်ရသေးကာ သူ့အနာဂတ်က ဘယ်ကိုလဲဆိုတာကို အတိအကျမသိရသေးပါဘူး။
ပီအက်စ်ဂျီအတွက် မက်ဆီက ဒီရာသီမှာ ၃၂ပွဲကစားပေးထားပြိး ၁၈ ဂိုးအထိသွင်းယူကာ ၁၉ ကြိမ်ဖန်တီးပေးထားတာပါ။ ဒါပေမယ့် ပီအက်စ်ဂျီကတော့ ဘဏ္ဍာရေးမျှတစွာကစားရေးစည်းကမ်းချက်နဲ့ ငြိစွန်းမယ့်အပေါ် စိုးရိမ်နေရပြီး ပေါင် ၅၆.၃ သန်းအထိ ဒဏ်ငွေဆောင်နိုင်ရတဲ့ အနေအထားလည်းရှိနေကာ အဆိုပါပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ဖို့အတွက် လုပ်ခလစာကို လျှော့ချပစ်ချင်နေပါတယ်။
ဒါကြောင့် တပတ်ကို ပေါင် ၇၄၀၀၀၀ အထိ ပေးချေနေရတဲ့ မက်ဆီနဲ့ နောက်ထပ် လုပ်ခလစာကြီးမြင့်တဲ့ ဆာဂျီယိုရာမို့စ်တို့ နှစ်ဦးစလုံးကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ဖို့အတွက် စဉ်းစားလာတာဖြစ်ပါတယ်။ L'Equipe ရဲ့ ဖော်ပြချက်အရ အာရပ်ကလပ်တွေက သူတို့နှစ်ဦးစလုံးကို စိတ်ဝင်စားနေကြပြီး မက်မောဖွယ်ရာစာချုပ်တွေနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိတယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီဟာ ကစားသမားနှစ်ဦးစလုံးနဲ့ စာချုပ်ကိစ္စဆွေးနွေးနေပေမယ့် လက်ရှိအချိန်ထိတော့ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ နှစ်ဦးစလုံးကိုလည်း အသင်းမှာ ဆက်ထိန်းသိမ်းထားချင်ပေမယ့် တဖက်မှာ လုပ်အားခက မြင့်မားနေပြီး FFP စည်းမျဉ်းနဲ့ ငြိစွန်းလာမယ့်အရေးကလည်း ရှိနေလို့ ပီအက်စ်ဂျီတို့ ဘေးကျပ်နံကျပ်စြဖ်နေပါတယ်။
မက်ဆီနဲ့ ရာမို့စ်တို့ ထွက်ခွာရင်ပဲဖြစ်ဖြစ်၊ ဆက်ရှိနေရင်ပဲဖြစ်ဖြစ် နည်းပြဂဲလ်တီယာအတွက် အသုံးစရိတ်ကိုလည်း အကန့်အသတ်နဲ့သာ ထုတ်ပေးသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။