ပရိသတ်တွေကလည်း မျှော်လင့်နေကြပါပြီ။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေပန်းစားနေတဲ့ မြမြ ဆိုတဲ့ ကောင်မလေးအကြောင်းကို ရုပ်ရှင်ရိုက်မယ်လို့ ညိုမင်းလွင်က ပြောပါတယ်။ သူကတော့ ဇာတ်ကားကောင်းတွေကို အမြဲတမ်း ပုံဖော်ရိုက်ကူးတတ်သူ တစ်ဦးပါ။


Photo: Nyo Min Lwin



ညိုမင်းလွင်က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေပန်းစားနေတဲ့ မြမြဆိုတဲ့ ကောင်မလေးအကြောင်းကို ရုပ်ရှင်ရိုက်မယ်လို့ ဆိုပါတယ်။

‘’Facebook ပေါ်က ရေပန်းစားသောကိစ္စများကို ဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါသည်၊ ကျွန်တော် " မြမြ " အကြောင်းကို ရုပ်ရှင်ရိုက်ပါမည်’’ ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဆန္ဒကို အားပေးထောက်ခံတဲ့အကြောင်းကိုလည်း ပရိသတ်တွေက Comment မှာ ရေးသားထားကြတာကို တွေ့ရပါတယ်။

မြမြ ဆိုတဲ့ မိန်းကလေးဟာ ဧပြီလ ၁၃ နေ့က ယောကျ်ားလေး ၃ ဦးရဲ့ မုဒိန်းကျင့်၊ သတ်ဖြတ်ခံခဲ့ရသူ တစ်ဦးဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတာဖြစ်ပါတယ်။ ညိုမင်းလွင်ဟာ လက်ရှိ အောင်မြင်မှုတွေရနေတဲ့ လူငယ်ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးရှိပါသေးတယ်။



Photo: Nyo Min Lwin

ညိုမင်းလွင်ဟာ Anada ဆိုတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ဖန်တီးထားသူဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ ပထမဆုံး သိပ္ပံရုပ်ရှင်ကားကြီး တစ်ကားဖြစ်လာမယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။နောက်ထပ်ရိုက်ကူးထားတဲ့ ‘’မေထုန်ရာသီဖွား’’ ရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ‘’မနုစာရီ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ရှိမှာ ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။

Photo: Nyo Min Lwin

ိုမင်းလွင် က ညကျောင်း၊ ဒိုင်နိုဆောရွာ၊ ရန်ကုန်မြို့ပြရုပ်ရှင်ဇာတ်ကား အပြင် ဇီးကွက်သေတ္တာရုပ်သံဇာတ်လမ်းတွဲ တို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ နောက်ထပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးပါ။ ညိုမင်းလွင်ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအဖြစ်ကတည်းက အားပေးလာခဲ့ကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က