ဆရာဝန်က နားခိုင်းနေပြီတဲ့။

ဒီနှစ်ထဲမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ အဆိုတော် ချမ်းချမ်းဟာ သူမရဲ့ကျန်းမာရေး အခြေအနေကြောင့် တစ်ကိုယ်တော်ပွဲကို ရွှေ့လိုက်ရပါပြီ။

ဒီနှစ်ထဲမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ အဆိုတော် ချမ်းချမ်းဟာ သူမရဲ့ကျန်းမာရေး အခြေအနေကြောင့် တစ်ကိုယ်တော်ပွဲကို ရွှေ့လိုက်ရပါပြီ။ အနုပညာအလုပ်တွေကို အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်လာတဲ့ သူမဟာ လက်ရှိမှာ ကျန်းမာရေးအခြေအနေသိပ်မကောင်းဘူးလို့ ဆိုပါတယ်။



 “အမကို ဆရာဝန်ကတော့ သုံးလလောက ်နားခိုင်းတယ်။ အမနှလုံးသိပ်မကောင်းဘူး။ သိပ်မကောင်းတော့ အမောမခံနိုင်ဘူး။ အဲ့ဒါကြောင့် အမရဲ့ တစ်ကိုယ်တော်ရှိုးကိုလည်း ရွှေ့လိုက်ရတယ်။ နောက်နှစ်အောက်တိုဘာလကို ရွှေ့လိုက်တာပေါ့။ အမရဲ့ ကျန်းမာရေးက ခဏခဏပင်ပန်းတဲ့ ဒဏ်လည်း ပါတော့ လေ။ အမလုပ်နိုင်သ၍တော့ လုပ်သွားဦးမယ်။ တကယ်မခံနိုင်လို့ နားရမယ်ဆိုတော့လည်း နားရမှာေပေါ။ အခုတော့ အလုပ်တွေ ဆက်လုပ်နေတုန်းပါပဲ။” ဆိုပြီး ဒီဇင်ဘာ(၂၁) ရက်နေ့က ပြုလုပ်တဲ့ Myanmar Music Wave ပွဲမှာ Duwun Media သို့ ပြောပြခဲ့တာပါ။


ဆရာဝန်က နားခိုင်းတာတောင် မနားဖြစ်တဲ့ သူမရဲ့ အခြေအနေကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“အမက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့လူဆိုတော့ တအားပင်ပန်းတယ်။ အမဘယ်သူ့ရဲ့ အထောက်အပံ့မှ မယူဘူး။ ပြီးတော့ အမပျော်သလိုပဲ အမအလုပ်ကို အမလုပ်တယ်။ အမသမီးရယ် အမရယ် ရှိတယ်။ အမကို ချစ်တဲ့သူတွေ အမနားမှာ ရှိမယ်။ သူတို့အတွက် အသက်ရှင်ရမှာ ဖြစ်တဲ့အတွက် အမ အလုပ်ကတော့ မလုပ်လို့မရဘူး။ အမမရှိရင် သူတို့ အဆင်မပြေနိုင်တာဖြစ်လို့ အမလုပ်ရမှာပဲ” လို့ သူမက ဆိုပါတယ်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ၂၀၁၉ထဲမှာ လုပ်နိုင်ဖို့ အတွက် ပြန်လည် စီစဉ်သွားမယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း ချမ်းချမ်းက သူမအတွက် ၂၀၁၈ ခုနှစ်ဟာ ဘယ်လိုနှစ် တစ်နှစ် ဖြစ်မလဲဆိုတာ ယခုလို သုံးသပ်ပေးသွားပါသေးတယ်။

“၂၀၁၈ ခုနှစ်ကနေ သင်ခန်းစာတွေလည်း အများကြီးပဲ ဘဝရဲ့ အချိုးအကွေ့တွေလည်း အများကြီးဆိုတော့ အမက ပျော်အောင်နေတယ်။ပြီးတော့ အမက သူများကို မျက်ရည်ကျအောင် မလုပ်သ၍ အမအလုပ်က မွန်မြတ်တယ်။ ပင်တော့ ပင်ပန်းတယ်။ အမကတော့ အမဘဝအမပျော်တယ်။ မချမ်းသာလည်း ဘာမှမဖြစ်ဘူးူ။အမကိုယ်ကျင့်တရားနဲ့ သိက္ခာကိုတော့ ထိန်းသိမ်းချင်တယ်” လို့ သူမက ပြောပါတယ်။

ချမ်းချမ်းက အနုပညာအလုပ်တွေလည်း လုပ်နေရသလို သမီးလေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်လျှက်ရှိပါတယ်။ သူ့ကိုယ်သူလည်း အမြဲတမ်း ပျော်အောင်နေတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့လည်း ခြေလှမ်းတွေ စတင်နေပြီလို့ ဆိုပါတယ်။

အဆိုတော် ချမ်းချမ်းရဲ့ အနုပညာလှုပ်ရှားမှုကတော့ သူ့ရဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းအသစ်လေးတစ်ခုဖြစ်တဲ့ ' တစ်ခုတည်း' ဆိုတဲ့ သီချင်းလေးကို ဇူလိုင်လ ၁၀ ရက်နေ့က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲပါတယ်။ အချစ်သီချင်း မြူးမြူးဖြစ်လို့ အားပေးတဲ့ ပရိသတ်တွေ လည်း အများကြီးရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က