ခိုင်သင်းကြည်တစ်ယောက် အရမ်းကို ဝါသနာကြီးလွန်းတဲ့ အနုပညာအလုပ်ကို လုပ်ရတဲ့အခါမှာ နေပူထဲမှာလုပ်နေရတဲ့ အလုပ်သမားတစ်ယောက်လိုပဲလို့ ဆိုပါတယ်။ သူမဟာ ဒီအလုပ်ကို ဝါသနာကြီးလွန်းလို့ လုပ်ခဲ့တာလို့ပြောပါတယ်။
Photo: Khine Thin Kyi
အနုပညာအလုပ်ကို စီးပွားရေးအဖြစ် လုပ်တာမဟုတ်ဘူးလို့လည်း ခိုင်သင်းကြည်က ပြောပါတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို အောင်မြင်လာတာဖြစ်တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
‘’အနုပညာအလုပ်လုပ်တယ်ဆိုတာလေ လုံးဝ ဝါသနာပါလို့လုပ်တာ။ သူများတွေဆို အောင်မြင်ချင်လို့၊ နာမည်ကြီးချင်လို့ စီးပွားရေးအရလုပ်တာရှိတယ်။ မခိုင်က စီးပွားရေးအရ လုပ်တာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် အရမ်းဝါသနာပါရင်းကနေပြီးတော့ Professional လိုင်းဖြစ်သွားတော့ ဒီဟာကို စီးပွားရေးတစ်ရပ် အနေနဲ့ဖြစ်သွားတာ’’ လို့ သူကဆိုပါတယ်။
Photo: Khine Thin Kyi
သူမဟာ မင်းသမီးဖြစ်မှ နေပူကျဲတဲမှာလည်း အလုပ်လုပ်ရတဲ့ အလုပ်သမားတစ်ယောက်လို ဖြစ်နေပြီလို့ဆိုပါတယ်။ နယ်တွေမှာ ဇာတ်ကားရိုက်ရတဲ့အချိန် အမှတ်တရတွေကိုလည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
‘’မခိုင်တို့ မင်းသမီးတွေကျတော့ နယ်တွေထွက်ရတဲ့ အခါကျတော့ တောတွေ၊ ဘာတွေမှာ သွားရိုက်ရတဲ့အခါ အိမ်သာတွေဘာတွေ အဆင်မပြေတာတွေလည်းရှိတာပေါ့။ အဆင်မပြေတာပေါ့နော်။ တကယ်တော့ မင်းသမီးတွေလည်း နေပူထဲမှာ လုပ်နေတဲ့အလုပ်သမားတွေနဲ့ မထူးပါဘူး၊ မကွာပါဘူး။ တစ်ခါတလေ Spa တွေဘာတွေ သွားလို့ရှိရင် ဟယ်.. သမီးတို့ကမှ ခေါင်းတွေလျှော်၊ လက်သည်းတွေညှပ်ပေးပေါ့။ သမီးတို့ကမှ aircon လေးနဲ့ ဇိမ်လေးနေရသေးတယ်။ မမတို့က နေပူကျဲတဲကြီးထဲမှာ နေပူလှမ်းပြီးတော့ လုပ်နေရတာ နေပူထဲမှာ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ ဆိုပြီးတော့ သူတို့ကိုတောင် စနေသေးတယ်’’ လို့ သူကဆိုပါတယ်။
Photo: Khine Thin Kyi
သရုပ်ဆောင်အလုပ်ဟာ ခိုင်သင်းကြည်အတွက်တော့ အရမ်းဝါသနာကြီးလွန်းတဲ့ အလုပ်တစ်ခုုဖြစ်ပါတယ်။ ဇာတ်ကားသာရိုက်နေရမယ်ဆို နေပူလို့ ပူမှန်းမသိအောင်ပါပဲလို့ ‘’ ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ မခိုင်တို့တွေက ပူနေတယ်ဆို ဒီအတိုင်းထိုင်နေဆို မနေနိုင်ဘူး။ ပူလိုက်တာ…ပူလိုက်တာ အဲဒီလို။ ရိုက်နေလို့ ပူနေတယ်ဆိုရင် ဘာမှမပြောဘူး ငြိမ်နေရော၊ ခံနိုင်တယ်။ ဒါ အလုပ်လုပ်နေရတယ်ဆိုတဲ့ စိတ်ပေါ့နော်။ ဒီအပေါ်မှာ စီးမျောနေတဲ့ စိတ်နဲ့ ပူလို့ ပူမှန်းလည်း မသိတော့ဘူး၊ အိုက်လို့ အိုက်မှန်းလည်း မသိတော့ဘူး’’ လို့ ဆိုပါတယ်။
Photo: Khine Thin Kyi
ခိုင်သင်းကြည်(Khine Thin Kyi)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။