ရန်ကုန်တိုင်းမှာ မြို့နယ် ၄မြို့နယ်ကို ကျန်းမာရေးစစ်ဆေးပြီးသွားပါပြီ။

မေလ၂၃ရက်က မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရပ်ကွက် ၅ခုက လူတစ်သိန်းနှစ်သောင်းဝန်းကျင်ကို ကျန်းမာရေးစစ် ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ အားလုံး ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်-၁၉သံသယလူနာ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးရန်ရှင်းက Duwun ကိုပြောပါတယ်။

ဓာတ်ပုံ - YanShin NLD



မရမ်းကုန်းမြို့နယ်မှာ ရပ်ကွက် ၁၀ခုရှိပေမယ့်ပိုးတွေ့လူနာတွေ တွေ့ရှိထားတဲ့ ရပ်ကွက် ၅ရပ်ကွက်ကိုသာ စစ်ဆေးခဲ့ ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ ပိုးတွေ့လူနာတွေရှိတဲ့ ရပ်ကွက် ၅ရပ်ကွက်က လူတစ်သိန်းနှစ်သောင်းကျော်ကို ဆေးစစ်ခဲ့တာပါ။ အားလုံး ကျန်းမာရေးကောင်းကြပြီး သံသယလူနာမရှိပါဘူး။”လို့ ဦးရန်ရှင်းက ပြောပါတယ်။

မရမ်းကုန်းမြို့နယ်မှာ ပိုးတွေ့လူနာ ၁၆ဦးရှိတဲ့အနက် တစ်ဝက်ခန့်က ရောဂါပိုးပြန်လည်ကောင်းမွန်ခဲ့ပြီ ဖြစ်ပြီး ကျန် တစ်ဝက်ကလည်း ကျန်းမာရေးကောင်းမွန်ကြတယ်လို့လည်း ဦးရန်ရှင်းက ပြောပါသေးတယ်။

“ပိုးတွေ့လူနာက ၁၆ဦးလောက်ရှိတဲ့အထဲမှာ တစ်ဝက်လောက် ပြန်ကောင်းသွားပါပြီ။ဆက်လက်ကုသမှုခံယူနေတဲ့ သူတွေကလည်း ကျန်းမာရေး ဆိုးရွားမှု မရှိကြပဲ ကောင်းကြပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါ တယ်။

ဓာတ်ပုံ - YanShin NLD

မရမ်းကုန်းမြို့နယ်မှာ Mask တပ်ဆင်ရေး Campaign ကို လာမယ့် တစ်ပတ်အတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး Mask တစ်သောင်းကျော်ကို ရပ်ကွက် ၁၀ရပ်ကွက်အတွင်း ဝေငှသွားမယ်လို့လည်း သိရပါတယ်။

Campaign လုပ်ပြီးမှ Mask မတပ်သူတွေကို ဒဏ်ငွေရိုက် အပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ညမထွက်ရအမိန့်ချိုးဖောက်သူတွေလည်း မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ပြောပါသေးတယ်။

ရန်ကုန်မြို့မှာ ကျန်းမာရေးစစ်ဆေးမှုတွေကို မြို့နယ်အလိုက် ပိုးတွေ့လူနာရှိတဲ့ ရပ်ကွက်တွေမှာ ဦးစားပေး လုပ်ဆောင်လျက်ရှိရာမှာတော့ အင်းစိန်၊လှိုင်သာယာ၊တာမွေ၊မရမ်းကုန်မြို့နယ်တို့မှာ လုပ်ဆောင်ထားပြီး အင်းစိန်မှာ သံသယလူနာ ၁၆ဦး၊ လှိုင်သာယာနဲ့တာမွေမှာ သံသယလူနာ ၁၁ဦးတွေ့ရှိခဲ့ပေမယ့် ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ တစ်ဦးမှ Positive မဖြစ်ခဲ့ဖူးလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က