တောင်အမေရိကအခြေစိုက် Dota2 အသင်း Beastcoast ရဲ့အသင်းသားဖြစ်သူ Scofield ဟာ တောင်အမေရိကရဲ့ ပထမဆုံး 10K MMR ရောက်ရှိသူ ကစားသမားဖြစ်လာခဲ့ပါတယ်။
တောင်အမေရိကအခြေစိုက် Dota2 အသင်း Beastcoast ရဲ့အသင်းသားဖြစ်သူ Scofield ဟာ တောင်အမေရိကရဲ့ ပထမဆုံး 10K MMR ရောက်ရှိသူ ကစားသမားဖြစ်လာခဲ့ပါတယ်။ 

  WeSave! Charity Play ပြိုင်ပွဲကို အနိုင်ရရှိဖို့လွဲချော်ခဲ့ပေမယ့် တောင်အမေရိကအခြေစိုက် Esports အသင်းဖြစ်တဲ့ Beastcoast ဟာ အွန်လိုင်းအဖြစ် ပြောင်းလဲကျင်းပခဲ့ရတဲ့ ESL One LA ပြိုင်ပွဲရဲ့ တောင်အမေရိက (SA) လိဂ်ကိုတော့ ရလဒ်ကောင်းကောင်းနဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။




         ဒီနိုင်ပွဲနဲ့အတူ Beastcoast ရဲ့ Support ကစားသမား “Scofield” ဟာ တောင်အမေရိက Dota 2 ဆာဗာမှာ 10K MMR ကို ပထမဆုံးရောက်ရှိသူအဖြစ် စံချိန်ဝင်လာခဲ့ပါတယ်။ အမည်ရင်း Elvis De la Cruz Peña ဖြစ်တဲ့ Scofield ဟာ အသက် ၂၁ နှစ်သာရှိသေးပေမယ့် Dota 2 ပရိုကစားသမားဘဝကိုတော့ ၂၀၁၅ ခုနှစ်ထဲက စတင်ဝင်ရောက်ခဲ့တာပါ။

         တောင်အမေရိကဒေသဟာ Dota 2 အသင်းတွေရဲ့ သမိုင်းတလျှောက်မှာ အောင်မြင်မှုအနည်းဆုံးလို့ ပြောလို့ရပြီး အမြဲလိုလို တောင်အမေရိကအသင်းတွေကို အိမ်ဖြည့်အဖြစ်သာ သဘောထားလေ့ရှိပါတယ်။ Dota 2 ထဲမှာ NA, SA, EU, CIS, China နဲ့ SEA ဆိုပြီး အဓိကဒေသကြီး ၆ ခုခွဲခြားဆော့ကစားစေရာမှာ တောင်အမေရိက (SA) ဆာဗာကလွဲလို့ ကျန်သူအားလုံးမှာ 10K MMR အမှတ်ကို ရောက်ရှိထားတဲ့ ကစားသမားတွေရှိပြီးသားဖြစ်လို့ အခုမှ ဒေသခြောက်ခုလုံးမှာ 10K MMR ကစားသမား အနည်းဆုံးတစ်ယောက်စီ ရှိသွားတာဖြစ်ပါတယ်။

         Scofield ရဲ့ရှေ့က 10K MMR ကို ရောက်ရှိခဲ့သူတွေကတော့ Abed, MidOne, Arteezy, Ramzes666, Raven, Mikoto, w33, Armel, Nothingtosay, No[o]ne, V-Tune, Limmp, SumaiL, Cr1t- တို့ပဲဖြစ်ပြီး Scofield ဟာ 10K MMR ရောက်ခဲ့တဲ့ ၁၅ ယောက်မြောက်ကစားသမားပါ။


         သူ့ရဲ့ Facebook အကောင့်ကနေ 10K MMR ရောက်ရှိခဲ့တဲ့အကြောင်း ပိုစ့်ကိုတင်ပြီး သိပ်မကြာခင်မှာတော့ 10K MMR ကစားသမားတစ်ဦးဖြစ်တဲ့ မလေးနိုင်ငံသား “MidOne” က လက်ရှိ 10K MMR ကစားသမားတွေထဲမှာ အမြင့်ဆုံး Dota2 ပြိုင်ပွဲ The International (Ti) နိုင်ဖူးသူတစ်ယောက်မှ မရှိကြောင်းနဲ့ MMR များတော့ ဘာဖြစ်လဲ ဆိုတဲ့ သဘောမျိုး တွစ်တာမှာ တင်လာခဲ့ပါတယ်။

ဒါဟာ တိုက်ဆိုင်တာလား၊ Scofield ကို ရည်ရွယ်တိုက်ခိုက်တာလားဆိုတာတော့ မသိရပေမယ့် လက်ရှိသူနဲ့အတူ OG အသင်းမှာကစားနေတဲ့ SumaiL ဟာ 10K MMR ရောက်ဖူးသလို 2015 ခုနှစ်ကလည်း The International ကိုအနိုင်ရခဲ့ဖူးသူဖြစ်ပါတယ်။ MidOne ဟာ ဥရောပအသင်း Team Secret မှာ နှစ်ရှည်လများဆော့ကစားခဲ့ပြီး အောင်မြင်မှုများစွာရယူခဲ့ပေမယ့် အရှေ့တောင်အာရှ (SEA) ဆာဗာမှာ ကစားပြီး ပထမဆုံး 8K, 9K, 10K MMR ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က