ခြူးလေးဟာ ‘’ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို မြင့်မြတ်၊ သက်မွန်မြင့်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Photo: Chue Lay
ခြူးလေးက သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့် တို့နဲ့အတူ ပထမဆုံးအကြိမ် ရုပ်ရှင်ကားကြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကား နာမည်ကတော့ ‘’ကဝေသေလို့ ခြောက်တဲ့တစ္ဆေ’’ လို့ အမည်ပေးထားပါတယ်။
Photo: Chue Lay
ခြူးလေးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက် လုပ်လာရသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အနည်းငယ်သာရှိသေးပေမယ့် ပရိသတ်အချစ်တွေကို အခိုင်အမာ ပိုင်ဆိုင်ခွင့်ရထားတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
သူမက မကြာသေးခင်က အချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေ ပြင်းထန်ခဲ့သူလို့ သိရပါတယ်။ လက်ရှိမှာတော့ ပုံမှန်အတိုင်း ဖြစ်နေပြီဖြစ်ကာ အနုပညာအလုပ်တွေ လုပ်နေတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုချိန်ကစပြီး ကိုယ့်ကိုကိုယ် အများကြီး ပိုချစ်သွားမှာ ဖြစ်ပြီး We Love တို့ကိုလည်း အရင်ကထက် ပိုချစ်ပ့ါမယ်ဆိုပြီး ကတိပေးထားတာတွေ့ရပါတယ်။ အနုပညာအလုပ်တွေကို ပြန်လုပ်လာတဲ့ ခြူးလေးအတွက် သူမရဲ့ ပရိသတ်တွေက ဝမ်းသာမဆုံး ဖြစ်လို့နေပါတယ်။
Photo: HK
ခြူးလေးဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။