ဇာတ်ကားအကြောင်းကို လျှို့ဝှက်ထားပါတယ်။

 ‘’စပါကလင်’’ ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်၊ ဇင်ဝိုင်း နဲ့ စိုးမြတ်သူဇာ တို့နဲ့အတူ ဒါရိုက်တာ ကိုပေါက်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရဲ့ အကြောင်းအရာကိုလည်း လျှို့ဝှက်ထားတယ်လို့ သိရပါတယ်။



‘’စပါကလင်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ စိုးမြတ်သူဇာကို ထူးခြားတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နောက်ထပ် နာမည်ကျော်သရုပ်ဆောင်တွေလည်း ပါဝင်သွားမှာပါ။

နာမည်ကျော်သရုပ်ဆောင် များစွာ ပါဝင်သွားမယ့် ‘’ စပါကလင်’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေ နေရာမှာပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်တွေရဲ့ ကြိုးစားပြင်ဆင်နေမှုတွေကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။

ဒီ ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးသွားမယ့် ဒါရိုက်တာ ကိုပေါက်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အခုလို ပြောပြလာပါတယ်။

‘’ စပါကလင် က ကျွန်တော့်ရဲ့ အဓိက သရုပ်ဆောင်တွေကိုရော၊ အားလုံးကိုရော ဘယ်သူ့ကိုမှ ပြောမပြတဲ့ အဓိက လျှို့ဝှက်ချက်ပါ။ စပါကလင် ဆိုတာကို အားလုံး ကြိုပြီးတော့ ရင်ခုန်လို့ ရအောင် ကျွန်တော်တို့ တင်ပြချင်တဲ့ အကြောင်းအရာကို ပိတ်ကားပေါ်ရောက်ရင် စာတန်းထိုးမယ်။ Credit တွေ စတပ်မယ်။ ဇာတ်ကား စဖွင့်ပြီ ဆိုတာနဲ့ စပါကလင် ဆိုတာ ဘာလဲဆိုတာကို ပြောပြပါ့မယ်။ မရိုက်ခင်မှာတော့ ရှင်းမပြတော့ပါဘူး’’ ဆိုပြီးတော့ ‘’စပါကလင်’’ ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ပြောပြခဲ့ပါတယ်။

"စပါကလင်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မယ့် စိုးမြတ်သူဇာကလည်း ဇာတ်ကားမရိုက်ကူးခင်ကတည်းက သူမရဲ့ ကာရိုက်တာအတွက် ရင်ခုန်နေသူပါ။ ဒီဇာတ်ကားမှာ စိုးမြတ်သူဇာက ‘’တစ်ခါ မှ မရိုက်ဘူးသေးတဲ့ ကာရိုက်တာ နဲ့ ရိုက်ရမဲ့ ကားမို့လို့ စိတ်လူပ်ရှားမိပါတယ်။

ပထမ ဆုံး ရိုက်တဲ့ ကားတုန်း ကတောင် ဒီလိုမဖြစ် အခုမှ မင်းသမီး သစ် လေးလိုလို နဲ့’’ ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ က ရေးသားခဲ့ဖူးပါတယ်။

‘’စပါကလင်’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် ဇင်ဝိုင်းကလည်း ဇာတ်ကား လက်ခံရိုက်ကူးဖြစ်ခဲ့ပုံကို အခုလို ပြောပြလာပါတယ်။

‘’ ကျွန်တော့်ကို ကမ်းလှမ်းတဲ့အတွက် ပါဝင်သရုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ကိုပေါက်နဲ့ကတော့ ငယ်ငယ်လေး ကတည်းက ပေါင်းလာရပေမယ့်လည်း ဒီဇာတ်ကားမှာ ပထမဦးဆုံး ဆုံဖြစ်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်ပါမယ် ခင်ဗျ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

‘’ စပါကလင်’’ ရုပ်ရှင်ဇာတ်ကားကြီးကို ရွှေမြန်မာ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာကိုပေါက်က ပုံဖော် ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီး ထဲမှာ သရုပ်ဆောင် မြင့်မြတ်၊ ဇင်ဝိုင်း၊ စိုးမြတ်သူဇာနဲ့ ခင်လှိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ။

Share

Loading Next Article...
က္က