ပရိသတ်တွေ ဘာရေးလဲ အမြဲဝင်ကြည့်တာတဲ့။

မြင့်မြတ်က သားလေးအပေါ် ပရိသတ်တွေ ဘယ်လောက်ချစ်ကြောင်းကို အမြဲကြည့်လေ့ရှိတယ်လို့ ယုန်လေးက ပြောပြထားပါတယ်။ 

Photo: Myat Thu Page



သရုပ်ဆောင်မြင့်မြတ်က သားလေးနာမည်နဲ့ ဖေ့စ်ဘွတ်ပေ့ချ် ဖွင့်ထားတဲ့အကြောင်းကို သူငယ်ချင်းဖြစ်သူ ယုန်လေးက ပြောပြလာပါတယ်။ သားလေးကို ချစ်တဲ့ ပရိသတ်တွေရေးတဲ့စာကိုလည်း မြင့်မြတ်က ဖတ်ပါတယ်တဲ့။

‘’ဂျူနီယာ မြင့်မြတ် ရဲ့ Page လေးပါ။ ဖခင်ဆိုတာ အဲဒါပဲ သူ့ဟာသူ Fb မသုံးဘူး။ သူ့သားလေး Page ဖွင့်ပြီး ဘယ်သူတွေဘာရေးလဲ။ ဝင်ဝင်ကြည့်နေတဲ့ မြင့်မြတ်’’ ဆိုပြီးတော့ ‘’Myat Thu’’ ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဂျူနီယာမြင့်မြတ်လေးရဲ့ ဓာတ်ပုံကို Share ရင်း ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လည် ၂ နာရီ ၁၂ မိနစ်က ယုန်လေးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

Photo: Yone Lay

မြင့်မြတ်ရဲ့ သားလေး မြတ်သူက အခုဆိုရင် လသားအရွယ်လေးသာ ရှိပါသေးတယ်။ ဒါပေမယ့်လည်း ချစ်စရာကောင်းတဲ့ အမူအရာတွေ၊ အပြုံးတွေကြောင့် မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေကလည်း ဂျူနီယာမြင့်မြတ်လေးကို သဲသဲလှုပ်ချစ်နေကြတာဖြစ်ပါတယ်။

Photo: Myat Thu

မြင့်မြတ်အကြောင်းတွေကို မကြာခဏ ရေးတင်လေ့ရှိတဲ့ ယုန်လေးကလည်း လက်ရှိမှာ ဂီတအလုပ်တွေ လုပ်နေတာတွေ့ရပါတယ်။ မြင့်မြတ်နဲ့ ယုန်လေးတို့ရဲ့ ရင်းနှီးမှုကတော့ သူငယ်ချင်းအဆင့်ထက်သာမက ညီအစ်ကိုအရင်းထက်တောင် ပိုချစ်ကြတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ယုန်လေးရော၊ မြင့်မြတ်ရောက ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Myint Myat

မြင့်မြတ်ရဲ့သားလေးကို ဒီနေ့ သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို တွေ့နိုင်ပြီဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က