အစ်ကို့ကို ဟိုးအရင်ကတည်းက အားပေးခဲ့တာ။

ဆိုတေး ဟာ သရုပ်ဆောင် မြင့်မြတ်ကို ပရိသတ်တစ်ယောက်အနေနဲ့ အားပေးဖြစ်တဲ့အကြောင်း တွေပြောပြလာပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ တစ်ကိုယ်တော် အခွေလုပ်နေတယ်လို့ သိရပါတယ်။

Photo: So Tay



ပရိသတ်အချစ်တော် တစ်ဦးဖြစ်တဲ့ ဂီတအနုပညာရှင် ဆိုတေးက သရုပ်ဆောင်မြင့်မြတ်ဟာ သူ အရမ်းသဘောကျရတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်တဲ့။ သူသဘောကျတဲ့ အချက်တွေကိုလည်း Duwun Media ကနေ အခုလိုပြောပြလာပါတယ်။

‘’ကျွန်တော် ကိုမြင့်မြတ်ကို ကြိုက်တယ်လေ။ အရင်ကတည်းက အားပေးတာ၊ အရမ်းချစ်တယ်။ သူ့ရဲ့ စကားအပြောအဆို၊ အချစ်ဆိုအချစ်၊ ဘဝဆို ဘဝအကြောင်း သရုပ်ဆောင်ပီပြင်လို့ အရမ်းသဘောကျတယ်။ ‘’ ဆိုပြီးတော့ ‘’ ကျောမှာဂဠုန် ရင်မှာနဂါး’’ ရုပ်ရှင်ဇာတ်ကား အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Myat Wai Tun

ဆိုတေးတစ်ယောက် မြင့်မြတ်ကို စပြီး အားပေးခဲ့တုန်းက အမှတ်တရ ကိုလည်း ပြန်လည်ပြောပြလာပါတယ်။ မြင့်မြတ်အတွက်လည်း သူ့ရင်ထဲကနေ ဆုတောင်းစကားဆိုခဲ့ပါတယ်။

‘’ကိုမြင့်မြတ်ကားတွေ ကြည့်တာပေါ့။ သူ့ကို ‘’တစ်ခါက မိုးရေစက်များ’’ဆိုတဲ့ ဇာတ်ကားမှာ စကြိုက်တာ။ သူ့ကို သဘောကျတယ်။ ကျွန်တော့်အစ်ကိုက အောင်မြင်ပြီးသားလူပဲလေ။ ဒီ့ထက်မက အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: So Tay

အဆိုတော် ဆိုတေးဟာ အက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်းမှာ ဘုရားတရားတွေလည်း ပိုလုပ်ဖြစ်လာတာတွေ့ရပါတယ်။ ဘုရားတရားလုပ်ဖြစ်သလို မိဘတွေကိုလည်း ပိုပြီး သိတတ်လာတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အက်ဆီးဒင့် ဖြစ်သွားတဲ့အတွက် ကြန့်ကြာနှောင့်နှေးမှုလေးတော့ ဖြစ်သွားတယ်လို့ဆိုပါတယ်။ 

ဆိုတေးဟာ ဂီတလောကမှာ အောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူဟာ မီးအိမ်ရှင် တေးစီးရီးနဲ့"မင်္ဂလာပါ"တေးစီးရီးတို့ထွက်ရှိပြီးနောက်ပိုင်း အမြန်လမ်းမှာ အက်ဆီးဒင့်ဖြစ်သွားရာက ကျန်းမာရေးချို့ယွင်းသွားခဲ့ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေသစ် လုပ်နေပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က