ဇာတ်လိုက်ဆိုတဲ့ နာမည်နဲ့ လိုက်တယ်တဲ့။

ပိုင်တံခွန်က အကယ်ဒမီမြင့်မြတ်ရဲ့ အနုပညာအလုပ်တွေအပေါ် အားကျမိတဲ့အကြောင်းတွေပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အခုဆိုရင် ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo: ပိုင်တံခွန်



ပိုင်တံခွန်က အနုပညာလောကထဲက စီနီယာတစ်ဦးဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်ကို အားကျမိတဲ့အကြာင်းကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။ မြင့်မြတ်ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကိုလည်း အားကျရပြန်ပါသေးတယ်တဲ့။

‘’ အားကျတဲ့အချက်ဆိုရင် သူက သရုပ်ဆောင်တဲ့အခါမှာ တခြားသူတွေပြောသလိုပဲ တကယ်လည်း ဇာတ်လိုက်ပါပဲ။ ဘယ်ဇာတ်မဆို သူနဲ့လိုက်တယ်။ ကျွန်တော်တို့ အရင်ကတည်းက သိတာပေါ့နော်။ ကျွန်တော်လည်း သူ့ကို အားကျရတဲ့စီနီယာထဲမှာပါတယ်။ တခြားအားကျရတဲ့ စီနီယာကြီးတွေလည်းရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: ပိုင်တံခွန်

ပိုင်တံခွန်ဟာ မြင့်မြတ်နဲ့ အတူတူရိုက်ခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မရိုက်ဖြစ်တော့ဘူးလို့ ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

‘’ ပူတာအိုမှာရိုက်မယ့် ရုပ်ရှင်ကားကြီးတွက် ရေခဲတောင် ခရီးစဉ်ကို မလာဖြစ်တော့ဘူးနော်။ ဒီဘက်အလုပ်တွေနဲ့ ရက်တွေတိုက်နေလို့ ဒီရုပ်ရှင်ကားကို cancel လိုက်ပါပြီ။နောက်မှ တွေ့ကြမယ်နော် ပူတာအိုက အချစ်တွေအားလုံးပဲ ‘’ ဆိုပြီးတော့ ရေးသားထားတာပါ။

Photo: ပိုင်တံခွန်

ပိုင်တံခွန်က အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတဲ့ကြားက ကိုယ်ပိုင် Brand လေးကိုလည်း ပရိသတ်တွေအတွက် ထုတ်သွားဦးမယ်လို့ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့အတွက် နှစ်တစ်နှစ်စီတိုင်းမှာ အမှတ်တရတွေရှိခဲ့တယ်လို့ ဆက်လက်ပြောပြထားပါတယ်။

‘’ ၂၀၁၉ မှာတော့ စီးပွားရေးအသစ်တွေ၊ အနုပညာမှာဆိုရင် အနုပညာအသစ်တွေ၊ အများကြီး လက်ခံထားတယ်။ အရမ်းစိန်ခေါ်မှုများတဲ့ နှစ်လို့လည်း ကျွန်တော့်အတွက် ပြောလို့ရတယ်။ ဒါပေမယ့် နှစ်တိုင်း နှစ်တိုင်းတော့ ကျွန်တော့်အတွက် ရင့်ကျက်မှုတွေ၊ တိုးတက်မှုတွေ ဖြစ်လာစေတယ်။ ၂၀၁၈ ခုနှစ်ကတော့ ပိုပြီး ရင့်ကျက်တဲ့ နှစ်ပေါ့’’ လို့ ဆိုပါတယ်။

Photo: ပိုင်တံခွန်

ပိုင်တံခွန်ဟာ မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ရောက်ရှိလာတာ ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ တီဗီကြော်ငြာတွေ ဆက်တိုက် ရိုက်ကူးနေရပြီး အောင်မြင်မှုနေရာတစ်ခုကို ရောက်နေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က