ဘာကြောင့် ရစေချင်တာလဲ။
 

ဇွန်လ ၂၉ ရက်နေ့က စပြီးရုံတင်ပြသလိုက်တဲ့ ငဒူ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးခဲ့တဲ့ အဆိုတော် ယုန်လေးက မြင့်မြတ်ကို အဓိက ဇာတ်ဆောင်ဆုအဖြစ် ထပ်ရစေချင်တယ် ဆိုပြီးတော့ဖွင့်ပြောခဲ့ပါတယ်။ Congratulation ပါ ဆိုပြီးတော့လည်း ဂုဏ်ပြုစကားပြောပြ ခဲ့ပါသေးတယ်။


''ငဒူ အတွက် Congratulation pr၊ မြင့်မြတ်အတွက် အဓိက ဇာတ်ဆောင်ဆု တစ်စုထပ် ရမယ်ထင်တယ်။ ရစေချင်မိ'' ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆင်ဆာအဖွဲ့မှ လူကြီးတွေကို အသနားခံလိုက်တဲ့ ယုန်လေး 

ယုန်လေးနဲ့ သရုပ်ဆောင်မြင့်မြတ်တို့ဟာ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေအတူတူ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူတို့ နှစ်ဦးဟာ အော်ရယ်ဂျင်နယ်ဂန်းစတား ၁ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး အတူလက်တွဲအလုပ်လုပ် လာကြ သူတွေဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အက်ရှင်ဇာတ်ကားကောင်းတွေကို အတူတွဲသရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

 

အဆိုတော်ယုန်လေးသွားရောက်အားပေးလျှက်ရှိတဲ့ ငဒူရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်၊ မင်းဦး၊ ရွှေမှုံရတီ နဲ့ နန်းစုဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဇော်ဇော်အောင်၊ ဇင်မျိုး၊ ထူးမွန်၊ စိုးမိုးကြည်၊ ကျော်ဇင်ထွဋ်၊ ကျော်ဇေယျ၊ တိမ်ညွှန့်၊ ဦးဝင်းမြိုင်၊ ခိုင်ခန့်အိမ်၊ ဒေါ်ခင်အုန်းမြင့်၊ ယုဇန နဲ့ တခြားအနုပညာရှင်များစွာတို့က အားဖြည့်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က