နိုင်ငံတော်သမ္မတကတက္ကသိုလ်ဝင်စာမေးပွဲမှာထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့အကျဉ်းသားကျောင်းသားကျောင်းသူတွေကို ဒီကနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာမှာ မန္တလေးအိုးဘိုထောင်က ၂၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။
Photo: Thant Zin Tun
၂၀၁၈-၁၉ ပညာသင်နှစ် နဲ့ ၂၀၁၉-၂၀ ပညာသင်နှစ်များအတွင်း အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့အကျဉ်းသားကျောင်းသားကျောင်း သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပဲဖြစ်ပြီး အဲဒီအထဲမှာ မန္တလေးအိုးဘိုထောင်ကဝင်ရောက်ဖြေဆိုတဲ့ကျောင်းသားကျောင်းသူတွေထဲက၂၀၁၈-၁၉ ပညာသင်နှစ်တုန်းက နှစ်ဘာသာဂုဏ်ထူးရကျောင်းသား တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရကျောင်းသူ နှစ် ဦး၊ ရိုးရိုးအောင်ကျောင်းသားကျောင်းသူ ၅ ဦး၊ ၂၀၁၉-၂၀ ပညာသင်နှစ်တုန်းက သုံးဘာသာဂုဏ်ထူးရကျောင်းသား ၅ ဦး၊ နှစ် ဘာသာဂုဏ်ထူးရကျောင်းသား ၁၁ ဦးနဲ့ ကျောင်းသူ ၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရကျောင်းသားကျောင်းသူနှစ် ၁ ဦး စုစုပေါင်း ၂၉ ဦးလွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာပါ။
"၂၉ ယောက်မှာမူးယစ်အမှုတွေကများတယ် အခုကတော့ ကလေးတွေကို စနစ်တကျစီစဉ်ပြီး ဆုံးမသြဝါဒပေးပြီးတော့မှ နေရပ်တွေဆီပို့ပေးလိုက်ပါပြီ" လို့ မန္တလေးအိုးဘိုထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေမှူးဦးချမ်းအေးကျော်ကပြောပါတယ်။ ထူးချွန်အကျဉ်းသားကျောင်းသားကျောင်းသူတွေကို နိုင်ငံတော်သမ္မတကရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်အသီးသီးကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာလည်းဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေအနေနဲ့နိုင်ငံတော်ရဲ့စေတနာကိုနားလည်ကာ အပြင်လောကရောက်တဲ့အခါတက္ကသိုလ်ပညာဆက်လက်သင်ကြားနိုင်စေဖို့အတွက်စာမေးပွဲအောင်မြင်မှုကိုချီးမြှင့်တဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။