ထူးအယ်လင်းတစ်ယောက် မထင်မရှား ဂီတလုလင်တစ်ယောက်အဖြစ်နဲ့ နေရတာ ကျေနပ်နေပါပြီတဲ့။ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို အဓိကထားဆောင်ရွက်မယ်လို့ ဆိုပါတယ်။
Photo: Htoo El Linn
အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ပရဟိတအလုပ်တွေနဲ့ ဂီတအလုပ်ကို အချိန်ရသလောက် လုပ်နေရတဲ့ ဘဝလေးကို ပျော်ရွှင်နေပြီလို့ ဆိုပါတယ်။ ဂီတလုလင် ဘဝလေးမှာ ပျော်နေပြီလို့ လည်း ပြောထားပါသေးတယ်။
‘’ကုသိုလ်ကံရယ်နည်း ခဲ့တာကြောင့် မထင်မရှား ဂီတလုလင် ဘဝလေးမှာ နေပျော်ပါပြီ။ မီးသဂြိုလ်စက် ဆောက်မယ်။ နာကူအသင်း ထူထောင်ပေးမယ်။ မိဘမဲ့ကလေးတွေ အတွက် ထောက်ပံ့ကူညီမယ်။ ကျေးရွာလေးတွေမှာလမ်းတွေခင်းပေးမယ်။ ကျေးရွာလေးတွေမှာ တံတားတည်မယ်။ ကျေးရွာတွေမှာ စာသင်ကျောင်းဆောက်တယ်။ ကူရာမဲ့ ဘိုးဖွားတွေအတွက် နိုင်သလိုကူညီမယ်။ ရဟန်းခံ ရှင်ပြုနားသ မင်္ဂလာပြုပေးမယ်။ စေတီတည်တယ်။ သိမ်ကျောင်းဆောက်လှူမယ်’’ ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Htoo El Linn
ထူးအယ်လင်းဟာ အခုနောက်ပိုင်းမှာ ဆိုင်ကယ်ချစ်သူများ အဖွဲ့ နဲ့ အတူ ပရဟိတလုပ်ငန်းစဉ်တွေမှာ အားတက်သရော ဆောင်ရွက်နေတာဖြစ်ပါတယ်။
‘’နေသားတကျဖြစ်နေတဲ့ ဘဝပေးနဲ့ ကိုယ်ချစ်သော ခင်သော ပတ်ဝန်းကျင်နှင့်အတူ အကုသိုလ် ကင်းစင်ပြီး ကုသိုလ်တရားတွေနဲ့ လမ်းဆက်လျောက်ချင်ပါတယ် (မသေသေးသရွှေ့) ။ကုသိုလ်ကံရယ်နဲခဲ့တာကြောင့် မထင်မရှား ဂီတလုလင် ဘဝလေးမှာ နေပျော်ပါပြီ။ သနားကမား လှသိန်း’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: Htoo El Linn
ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတဲ့သူပါ။ သူ့ရဲ့ အလှူတိုင်းအတွက်လည်း အမြဲတမ်း စိတ်ချမ်းသာ ပီတိဖြစ်ရတယ်လို့လည်း ရင်ဖွင့်ပြောပြထားပါသေးတယ်။
‘’ပကာသနအလှူမဟုတ်တဲ့အတွက်ကြောင့် ရိုးရှင်းစွာနဲ့ လှူခဲ့ကြတဲ့နေရာတိုင်းမှာ အလှူတစ်ခုပြီးတိုင်း ပီတိတွေနှင့်အတူ ကိုယ့်ရပ်ဌာနေအိမ်အပြန်တိုင်း ပျော်ရွှင်ခဲ့ကြရတယ် ။အတ္တကိုရှေ့တန်းတင်ပြီး စွန့်လည်း မစွန့်လွှတ်နိုင်ပဲပြုလုပ်သော ဘာသာရေး လူမှူရေးတွေက ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့် ပကာသနအလှူနှင့်ဒါနအလှူခွဲခြားထားပါတယ်’’ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: Htoo El Linn
ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါေ သးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။