ကလေးတစ်ယောက်လို ကြိုဆိုပုံလေးက ချစ်စရာပါ။

မမ နှင်းဝတ်ရည်သောင်း ပြန်လာလို့တဲ့ ညီမလေး အေးဝတ်ရည်သောင်းတစ်ယောက် အပျော်ကြီး ပျော်နေတာကို တွေ့ရပါတယ်. နှင်းဝတ်ရည် သောင်းနဲ့ အေးဝတ်ရည်သောင်းကတော့ ပရိသတ် အချစ်တော် အနုပညာရှင်တွေ ဖြစ်ကြပါတယ်.

Photo: Aye Thaung



အေးဝတ်ရည်သောင်းရဲ့ အစ်မ နှင်းဝတ်ရည်သောင်းက လန်ဒန်မှာ နေထိုင်တာဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ညက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာတယ်လို့ သိရပါတယ်. အဲ့ဒါကြောင့် အစ်မဖြစ်သူကို အေးဝတ်ရည်သောင်းရဲ့ ကြိုဆိုပုံလေးက အရမ်းကို ချစ်စရာကောင်းလှပါတယ်.

'' မကြီးပြန်လာပြီ ရေးးးးးးးးးးးး'' ဆိုပြီးတော့ ကလေးတစ်ယောက်လို ပြေးပြီး ခုန်ဖက်လိုက်ပါတယ်. အဲ့ဒီနောက် အရမ်းကို ပျော်နေကြတဲ့ ညီအစ်မ နှစ်ယောက်ရဲ့ ပုံရိပ်လေးဟာ တကယ်ကို ကြည်နူးစရာလေးပါ. သူတို့ ညီအစ်မနှစ်ယောက်ရဲ့ ကြည်နူး စရာ ပုံရိပ် ဗီဒီယို ဖိုင်လေးကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

Photo: Aye Thaung

အေးဝတ်ရည်သောင်းနဲ့ နှင်းဝတ်ရည်သောင်းတို့ ညီအစ်မ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ၁ နှစ်နဲ့ ၂ လပဲ ကွာတယ်လို့ ဆိုပါတယ်. အဲ့ဒါကြောင့်လည်း တော်တော်များများက အမြွှာလို့တောင် ထင်ခဲ့ကြတယ်လို့ဆိုပါတယ်. အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့တော့လည်း တစ်နှစ်ပဲ ကွာတယ်လို့ နှင်းဝတ်ရည်သောင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်.

Photo: Aye Thaung

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မ ၃ ယောက်ဟာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေ ပဲဖြစ်ပါတယ်။ အကြီးဆုံးဖြစ်တဲ့ နှင်းဝတ်ရည်သောင်းကတော့ လန်ဒန်မှာ နေထိုင်တာဖြစ်ပါတယ်။ အေးဝတ်ရည်သောင်း လို့ခေါ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်မအေးသောင်းကတော့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတာဖြစ်ပြီး ဆွိဝတ်ရည်သောင်း ကတော့ ဂီတဘက်မှာ အောင်မြင်အောင်ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo: Aye Thaung

အေးဝတ်ရည်သောင်းက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အနုပညာရှင် တစ်ယောက် လည်းဖြစ်ပါတယ်။ သူ့ကိုပရိသတ်တွေပိုချစ်လာကြတာကတော့ မြန်မာဝတ်စုံလှလှလေးတွေနဲ့ အင်မတန်လိုက်ဖက်လွန်းတဲ့ ဓာတ်ပုံ လေးတွေကြောင့်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က