ဒီနေ့(ဇန်နဝါရီလ ၁၉) ရက်နေ့မှာ အသက် ၁၉ နှစ်ပြည့်ပါပြီ။

ယွန်းယွန်း ရဲ့ အသက် ၁၉ နှစ်ပြည့် မွေးနေ့အလှူ ညနေပိုင်းမှာတော့ ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ နှလုံးရောဂါအထူးကုအဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်းမှာလည်း ‘’ထာဝရ ငြိမ်းချမ်းရေး စေတီတော်’’ မှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ကလေးသရုပ်ဆောင် ဘဝကတည်းကနေ အခုချိန်ထိ ပရိသတ်အချစ်ကို အများကြီး ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ယွန်းယွန်းက ဇန်နဝါရီလ (၁၉) ရက်နေ့မှာ အသက် ၁၉ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ အလှူအနေနဲ့ ရန်ကုန်ဆေးရုံကြီး နှလုံးဌာနမှာရှိတဲ့ လူနာများနဲ့ လူနာရှင်တွေ အတွက် အာဟာရဒါန ကုသိုလ်ပြု ခဲ့တယ်လို့ Duwn Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



‘’ မေမေက မွေးနေ့မှာ အမှတ်တရဖြစ်စေချင်လို့ဆိုပြီးတော့ အလှူလေးတွေ လုပ်ပေးတယ်။ ဒီနေ့ မနက် ထာဝရငြိမ်းချမ်းရေး စေတီတော်က စေတီရံလေးတွေ အတွက် စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်လေးတွေ လှူဖြစ်ပါတယ်။ ဘုန်းဘုန်း အရှင်ဆန္ဒာဓိက ဆီမှာပေါ့နော်။ အခုညနေပိုင်းကကျတော့ ရန်ကုန်ဆေးရုံကြီးရဲ့ နှလုံးအထူးကုဆောင်မှာ ညနေစာ ကျွေးဖြစ်ပါတယ်’’ လို့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့ အလှူမှာ ပြောပြခဲ့တာပါ။

ယွန်းယွန်း က မွေးနေ့ရောက်တိုင်း အပျော်တွေနဲ့ ဖြတ်သန်းရတာများတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ မှာလည်း ပျော်ရွှင်မှုတွေ၊ အမှတ်တရတွေနဲ့ ထူးထူးခြားခြား ဖြတ်သန်းဖြစ်တယ် လို့ ဆိုပါတယ်။

‘’ မနှစ်ကဆိုလည်း ချစ်ကြတဲ့ သူတွေက မွေးနေ့ အမှတ်တရလေးတွေ လုပ်ပေးတယ်။ ဒီနှစ်မှာလည်း မထင်ထားပဲ နဲ့ကိုပျော်ရတယ်။ ထူးထူးခြားခြားလက်ဆောင်အနေနဲ့ အရာဝတ္ထုပစ္စည်းတွေ မဟုတ်ပဲ ညီမကို စိတ်ခံစားချက် တစ်ခုခုဖြစ်အောင်လုပ်ပေးတာ အဲ့ဒီလို လက်ဆောင်မျိုးကို ပိုပြီးတော့ တန်ဖိုးလည်း ထားတယ်။ ကျေးဇူးလည်းတင်တယ်။ ဖေဖေ နဲ့ မေမေ ဆိုရင်လည်း အလှူအတန်းလေးတွေလုပ်ဖို့ ကြိုပြီးတော့ စီစဉ်ပေးထားတယ်။ ညီမ သူငယ်ချင်းတွေဆိုရင်လည်း ထူးထူးခြားခြားလေးတွေ လုပ်ပြီး လက်ဆောင်ပေးကြတယ်။ ညီမကို ချစ်ကြတဲ့ ပရိသတ်တွေဆိုရင်လည်း ကြိုတင်စီစဉ်ထားတဲ့ လက်ဆောင်လေးတွေ ပေးကြတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က“တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ယွန်းယွန်းဟာ အနုပညာနဲ့ ပတ်သက်ပြီးခေါင်းဆောင်မင်းသမီး အဖြစ် ဇာတ်ကားတွေရိုက်နေပြီ လို့ သိရပါတယ်။ သရုပ်ဆောင်ယွန်းယွန်းကတော့သရုပ်ဆောင်တင်တော်တာမဟုတ်ပါဘူး။ ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ယွန်းယွန်း က ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က