သစ်တံခါးဆရာတော်ကျောင်းမှာ လှူဒါန်းခဲ့တာပါ။

ဆုပန်ထွာတို့ ဇနီးမောင်နှံက သစ်တံခါးဆရာတော်ကို သွားရောက်ဖူးမျှော်ရင်း ဘုရားတည်နေတာကို တွေ့လို့  ခင်ပွန်းဖြစ်သူရဲ့ ရွှေဆွဲကြိုး တစ်ကျပ်သားနဲ့ သူ့ရဲ့ ပလက်တီနမ် နားကပ်တစ်စုံကို ဘုရား စိန်ဖူးတော်အတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံကတော့ အလှူ ရေစက် လက်နဲ့မကွာတဲ့ ဇနီးမောင်နှံလေးပါပဲ။

Photo: Su Pan Htwar Facebook

 

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ ဇနီးမောင်နှံဟာ သစ်တံခါးဆရာတော်ကို ဇူလိုင်လ ၁၉ ရက်နေ့ကသွားရောက်ဖူးမျှော်ခဲ့ပါတယ်။ဆရာတော်ကြီး က ကျောင်းဝန်းထဲမှာ ဘုရားတည်နေတာကြောင့် စိန်ဖူးတော်တင် ကုသိုလ်ပါဝင်ခွင့်ရဖို့ခင်ပွန်းဖြစ်သူရဲ့ ရွှေဆွဲကြိုး တစ်ကျပ် သား နဲ့ ဆုပန် ထွာ ရဲ့ ပလက်တီနမ် နားကပ်တစ်စုံတို့ကို ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

"သစ်တံခါးဆရာတော် ဆီရောက်တော့ ကျောင်းထဲမှာဘုရားတည်နေတာ စိန်ဖူးတော် တင်ဖို့အတွက်လုပ်နေတာမို့ ကိုဥက္ကာက သူ့ဆွဲကြိုးရွှေ တစ်ကျပ်သား ကိုစိန်ဖူးတော်ထဲ ထည့်လှူဖြစ်ပါတယ်။ ပန်ပန်ကတော့ ပလက်တီနမ်နားကပ်တစ်စုံ လှူဖြစ်ပါတယ်။ မထင်မှတ်ပဲလှူဖြစ်တဲ့ အလှူ ဖြစ်လို့ လင်မယားနှစ်ယောက်လုံးပီတိဖြစ်မိပါတယ်'' လို့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ရေးခဲ့ပါတယ်။

Photo: Su Pan Htwar Facebook

ဆွမ်းလောင်းအလှူ ကုသိုလ်ယူနေကြတဲ့ ဆုပန်ထွာတို့ မိသားစု 

ဆုပန်ထွာတို့ မိသားစုလေးဟာအလှူရေစက် လက်နဲ့ မကွာဆိုသလိုပါပဲ။ ကြာသာပတေးနေ့တိုင်း ဆွမ်းလောင်းလှူဒါန်းဖြစ်သလို အကူအညီ လိုရင် လိုတဲ့သူတိုင်းကိုလည်း လက်မနှေးပဲ ကူညီတတ်တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ ဝေဖန် တိုက်ခိုက်မှုများစွာရဲ့ ကြားကနေ လက်ထပ်ဖြစ်ခဲ့တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။

Photo: Su Pan Htwar Facebook

 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

Photo: Su Pan Htwar Facebook

 

ဆုပန်ထွာဟာ သားလေးRoar Roar Kyaw မွေးပြီးတဲ့နောက် မိသားစုကိုလည်း အချိန်ပေးဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လက်မလွှတ်တမ်းဆောင်ရွက်နေသလို ဂီတဘက်မှာလည်း ဖျော်ဖြေရေးတွေ သီဆိုနေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က