သူ့အတွက် အမှတ်တရပါပဲ။

‘’မာ’’တေးစီးရီးထဲက ‘’ရင်ဘတ်ထဲကလူနှစ်ယောက်’’ ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တောင်းဆိုမှု အများဆုံး ဆုရရှိခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

တစ်နှစ်တာအတွင်း ရွှေလေ လှိုင်းမှတစ်ဆင့် ပရိသတ် တောင်းဆိုမှု့အများဆုံးဆုကိုတော့ အမျိုးသမီး တေးသံရှင်ဆုကို အိုင်ရင်းဇင်မာမြင့် က ‘’မာ’’တေးစီးရီးထဲက ‘’ရင်ဘတ်ထဲကလူနှစ်ယောက်’’ ဆိုတဲ့ သီချင်းလေးနဲ့ ဆုရရှိခဲ့တာပါ။ 

‘’သီချင်းတောင်းပေးကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ မမျှော်လင့်ပဲ ရတဲ့အတွက် ပိုဝမ်းသာပါတယ်။ မေမေ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ပါတယ်။ 

အိုင်ရင်းဇင်မာမြင့်ကိုတော့ ပရိသတ်တွေက Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဂီတကို ရူးသွပ်လွန်းသူဖြစ်သလို သူမရဲ့ အသံ စူးစူးလေးကလည်း ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ သူမဟာ Shwe FM က ချီးမြှင့်တဲ့ ဆု ၃ ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့်က ၂၀၁၃ ခုနှစ်မှာတော့ ပထမဦးဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ယိမ်းလိုက်’’ ဆိုတဲ့ တေးစီးရီးလေး ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ်က ‘’ချစ်လို့’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထပ်မံ ထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အဆိုတော် ကောင်းကောင်းနဲ့ အတူ ‘’နံရိုးပိုင်ရှင်’’ ဆိုတဲ့ အတွဲ အခွေလေး ထွက်ရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ သူမရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မာ’’ ဆိုတဲ့ တေးစီးရီးလည်း နောက်ဆုံး ထွက်ရှိထားတာဖြစ်ပါတယ်။

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။

Share

Loading Next Article...
က္က