ရော်နယ်ဒိုက စိတ်ပညာရှင်တယောက်နဲ့ တွေ့ဆုံခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရော်နယ်ဒိုဟာ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် စိတ်ပညာရှင် ဂျော်ဒန်ပီတာဆင်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတပုံကို ပရိသတ်တွေအတွက် မျှဝေခဲ့ပါတယ်။ ဒါပေမယ့် တဖက်က ပီတာဆင်ရဲ့ ခံယူချက်တွေကြောင့် ရော်နယ်ဒိုတယောက် ဝေဖန်မှုတွေနဲ့ အလူးအလဲရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ ဒီနှစ်ပိုင်းမှာ မိသားစုကိစ္စ၊ ပရော်ဖက်ရှင်နယ်ကိစ္စတွေမှာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီအတွက် ပီတာဆင်နဲ့ တွေ့ဆုံတာဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားနေကြပါတယ်။ ဒါပေမယ့် ပီတာဆင်ဟာ လက်ယာယိမ်းဝါဒီတယောက်ဖြစ်ပြီး ကိစ္စအကြောင်းအရာအများစုအပေါ်မှာ အငြင်းပွားဖွယ်တွေ ဖန်တီးခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၇) မှာ ပီတာဆင်ဟာ တွစ်တာပေါ်မှာ သရုပ်ဆောင် Elliot Page ကို လိင်ပိုင်းဆိုင်ရာအရ ခွဲခြားစော်ကားခဲ့တာကြောင့် တွစ်တာပေါ်ကနေ ဖယ်ရှားခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် သူ့ကို အရင်ဆုံးသတ်ပစ်မှပဲ အထိုးခံမှာဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ပီတာဆင်က ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဒါ့အပြင် ဖိုမဝါဒခွဲခြားမှုပြင်းထန်သူတယောက်ဖြစ်ကြောင်း သူ့ရဲ့ စကားလုံးတွေနဲ့ သက်သေပြခဲ့ဖူးပြီး ရော်နယ်ဒိုက ဒီလိုလူမျိုးနဲ့ တွေ့ဆုံခဲ့တဲ့အပေါ် ပရိသတ်တွေက အပြင်းအထန် ဆန့်ကျင်နေကြပါတယ်။ ပရိသတ်တွေက “ရော်နယ်ဒိုက သူ့ရဲ့ဂုဏ်သိက္ခာကို ဒီနေရာမှာ သူကိုယ်တိုင် ချပစ်ခဲ့တာပါ” “ရော်နယ်ဒိုရေ... အဲ့ဒီလူကို ထွက်သွားခိုင်းလိုက်စမ်းပါကွာ” လို့ အစရှိသဖြင့် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိဘောလုံးရာသီမှာလည်း ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး အရံခုံမှာသာ အချိန်ကုန်ဆုံးနေရပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်နွှဲနေရပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က