အဲဗာတန်ကို ရှုံးတဲ့ပွဲအပြီးမှာ ပြဿနာဖြစ်ပွားခဲ့တာပါ။

ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင်ဟာ မနေ့ညက အဲဗာတန်ကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အဲဗာတန်က ဒိုကိုရီ၊ ဒေါ့ဘွန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ဒါဟာ အဲဗာတန်အတွက် နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဟာ (၁၀) မှတ် အလျှော့ခံရပြီးနောက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄) ပွဲမှာ (၃) ပွဲအထိ အနိုင်ရရှိခဲ့တာပါ။ အဲဗာတန်က ယူနိုက်တက် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့တာပါ။
အဲ့ဒီနောက် နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်နဲ့ အခုချဲလ်ဆီးတို့ကို ဆက်တိုက် ခြေစွမ်းပြ အနိုင်ယူခဲ့တာပါ။ အဆိုပါပွဲအပြီးမှာတော့ အဲဗာတန် နောက်ခံလူ ပီတာဆန်နဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဂျက်ဆင်တို့ အချင်းများခဲ့ပါတယ်။
ဒီပြဿနာက သေးငယ်မလိုလိုနဲ့ မထင်မှတ်ဘဲ ကြီးသွားနိုင်ပြီး အဲဗာတန် ကစားသမားတွေကလည်း ဂျက်ဆင်ကို ဝင်ရောက်ဖျန်ဖြေခဲ့ရပါတယ်။ ဒါ့အပြင် ပိုချက်တီနိုနဲ့အတူ နည်းပြအဖွဲ့ဝင်တစ်ယောက်ကလည်း ဂျက်ဆင်ကို ကြားဝင်ဖျန်ဖြေကာ ဥမင်လိုဏ်ခေါင်းထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်က ဖျန်ဖြေချိန် မြန်ဆန်ခဲ့လို့သာ နှစ်ယောက်စလုံး ဘာပြစ်ဒဏ်မှ အပေးမခံခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြအဖွဲ့ဝင်ကတော့ ဂျက်ဆင်ကို အနီကတ်ထိမှာ စိုးရိမ်တာကြောင့် အခုလိုမျိုးပဲ လျင်လျင်မြန်မြန်နဲ့ အဝတ်လဲခန်းထဲကို ဆွဲခေါ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က