မင်းသန့်မောင်မောင်ရဲ့ ဟင်းချက်လက်ရာကောင်းတာတွေကြောင့် ဖေဖေ စင်ရော်မောင်မောင်ကတော့ အရမ်းကို အရသာရှိ တဲ့အကြောင်း ရင်ဖွင့်လာပါတယ်။ မင်းသန့်မောင်မောင် ကတော့ လက်ရှိမှာ Los Angeles, California, New York Film Academy School ပညာသင်ကြား နေတာဖြစ်ပါတယ်။
Photo: စင်ရော်မောင်မောင်ဖေ့စ်ဘွတ်
ဒါရိုက်တာ စင်ရော်မောင်မောင်တစ်ယောက် သားလေး မင်းသန့်မောင်မောင် ချက်ကျွေးတဲ့ ဟင်းတစ်ခွက်က သူ့အတွက် အရသာအရှိဆုံး ဆိုတဲ့ အကြောင်း ပြောပြလာပါတယ်။ စင်ရော်မောင်မောင်က သားဖြစ်သူ နေထိုင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်ရှိနေ တာဖြစ်ပါတယ်။
'' Min thant ချက် ကျွေး သော ကြက် သား ဟင်း သည် ကျွန် တော် အတွက် အရသာ အလွန် ရှိပါသည်။ Thanks so much my lovely son'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၆ နာရီက ရေးခဲ့တာဖြစ်ပါတယ်။ မင်းသန့်မောင်မောင်ဟာ အမေရိကန်နိုင်ငံရှိ Los Angeles, California, New York Film Academy School မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။
ပရိသတ်ချစ်တဲ့သူတွေနဲ့ ကြော်ငြာရိုက်မယ်ဆိုတဲ့ စင်ရော်မောင်မောင်
Photo: စင်ရော်မောင်မောင်ဖေ့စ်ဘွတ်
မင်းသန့်မောင်မောင်ဟာ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သလို ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ကလေးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ မိသားစု သုံးယောက်ပေါင်းပြီး ကြိုးစားရိုက်ကူးထားတဲ့ ''ထာဝရအမေ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်။
Photo: စင်ရော်မောင်မောင်ဖေ့စ်ဘွတ်
ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ၂၀၁၇ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ကို ရရှိခဲ့ပါတယ်။ဒါရိုက်တာ စင်ရောက်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင် တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင် ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင် ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။