ပေါ်တိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာပါ။

အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က မနေ့ညက ပေါ်တိုကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလားကိုပါ ရယူနိုင်စွမ်းရှိကြောင်း ပြောကြားလာပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ရာယာကလည်း လက်စွမ်းပြခဲ့တာပါ။



အာဆင်နယ်ဟာ ဒီပွဲအပြီးမှာ ပွဲကစားဖို့ မရှိတော့ဘဲ မတ်လကုန်မှသာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲကျပ်ကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီအပေါ်မှာ မာတင်ကီအွန်က “ဒါက အရှိန်အဟုန်တစ်ခုဖြစ်စေပါတယ်။ အာဆင်နယ်တို့ မန်စီးတီးကို ယုံကြည်ချက်အပြည့်နဲ့ သွားရင်ဆိုင်တော့မှာပါ”

“မန်စီးတီးအိမ်ကွင်းက ခြင်္သေ့ဂူ၊ သူတို့ မနှစ်တုန်းက ဆုဖလား (၆) လုံးရထာားတာကိုလည်း သိပါတယ်။ မန်စီးတီးက တကယ့်အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် အခု အာဆင်နယ်တို့ မန်စီးတီးကွင်းမှာ တကယ့်ကို ယုံကြည်ချက်အပြည့်နဲ့ ပုံစံကောင်းတစ်ခုနဲ့ သွားရောက်ရင်ဆိုင်မှာပါ။ တကယ်လို့ သူတို့သာ ဒီညရှုံးသွားခဲ့ရင် မန်စီးတီးနဲ့ တိုက်ရိုက်ကြီးသွားရင်ဆိုင်ရမှာပါ”

“ဘာကြောင့်လဲဆိုတော့ အာဆင်နယ်က အက်ဖ်အေဖလားကနေလည်း ထွက်လိုက်ရပြီလေ။ အခုတော့ ယုံကြည်ချက်အပြည့်နဲ့ပါ။ သူတို့က တကယ့်ကို ချန်ပီယံအသင်းတစ်သင်းအဖြစ် ရေရှည် အလားအလာရှိတဲ့ အသင်းတစ်သင်းဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကီအွန်ရဲ့ ဒီပြောစကားကို ဖာဒီနန်က ပယ်ချခဲ့ပေမယ့် ကီအွန်ကတော့ သူ့အသင်းဟောင်းနဲ့ပတ်သက်လို့ ယုံကြည်ချက်အခိုင်အမာရှိနေခဲ့ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို (၁၄) နှစ်အကြာမှ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ အမှတ်ပေးချန်ပီယံဆုအတွက် အကောင်းဆုံး စိန်ခေါ်နေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က