ရိုးမားနည်းပြရာထူးကနေ အထုတ်ခံရပြီးနောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ မော်ရင်ဟိုက သူ့အနေနဲ့ မနက်ဖြန် ချက်ချင်းပဲ အလုပ်သစ်တစ်ခုကို အစပြုနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ရိုးမားနည်းပြရာထူးကနေ အထုတ်ခံခဲ့ရတာပါ။
အဲ့ဒီနောက်မှာတော့ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး မော်ရင်ဟိုကတော့ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ မော်ရင်ဟိုအတွက် ဆော်ဒီပရိုလိဂ်ဘက်က မက်လောက်စရာ ကမ်းလှမ်းမှုတွေရှိနေသည့်တိုင် လက်ရှိအချိန်အထိတော့ သူ့ရဲ့အနုာဂတ်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။
အနာဂတ်နဲ့ပတ်သက်လို့လည်း မော်ရင်ဟိုက “ခင်ဗျားတို့ ကျွန်တော့်ကို မကြာခင်မှာပဲ ဥမင်လိုဏ်ခေါင်းထဲမှာ ပြန်မြင်ရမလားဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း ဒါကို မျှော်လင့်ထားပါတယ်။ ကျွန်တော်လည်း နည်းပြပြန်လုပ်ချင်နေပါပြီ။ ရိုးမားက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နှစ်နှစ်ဆက်တိုက် ဥရောပပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့လို့ပါ”
“ဒါက ဒီအသင်း လုပ်ခဲ့ဖူးသမျှထဲ အခက်ခဲဆုံးပါပဲ။ အခုတော့ ကျွန်တော် မှန်ကန်တဲ့ အခွင့်အရေးကို စောင့်နေပါတယ်။ ဖြစ်နိုင်ရင် မနက်ဖြန်ပဲ ကျွန်တော် အလုပ်ပြန်စချင်ပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့ မချချင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။