အနာဂတ်မှာ ဘာစီလိုနာဥက္ကဌဖြစ်ဖို့ ပစ်မှတ်ထားနေတာပါ။

ဘာစီလိုနာနောက်ခံလူဟောင်း ဂျရတ်ပီကေးဟာ ဘာစီလိုနာဥက္ကဌ ရာထူးနေရာအတွက် ယှဉ်ပြိုင် အရွေးချယ်ခံဖို့ ပစ်မှတ်ထားနေကြောင်း ဖွင့်ဟလာပါတယ်။ သူဟာ လက်ရှိအချိန်မှာ ဆီဂန်ဒါကလပ် အန်ဒိုရာမှာလည်း ရင်းနှီးမြှုပ်နှံထားပြီး ပိုင်ရှင်တစ်ယောက်အနေနဲ့ ရှိနေပါတယ်။



အနာဂတ်နဲ့ ပတ်သက်လို့လည်း ပီကေးက ဘာစီလိုနာဥက္ကဌရာထူးနေရာကို ပစ်မှတ်ထားနေတဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ စပိန်လက်ရွေးစင် နောက်ခံလူဟောင်းကြီးက “ကျွန်တော် ငယ်ငယ်ကတည်းက ဘာစီလိုနာပရိသတ်ဖြစ်ခဲ့ပြီး တနင်္ဂနွေနေ့တိုင်း နူးကမ့်ကွင်းကို သွားခဲ့ပါတယ်”

“ကျွန်တော့်မှာ ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုခုရှိတယ်ဆိုရင် ကျွန်တော် ဒါကို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒီခံစားချက်က အမြဲတမ်းရှိပါတယ်။ အခုချိန်မှာ လုပ်ပေးရမယ်လို့တော့ မစဉ်းစားပါဘူး။ ကျွန်တော် လက်ရှိမှာ ကင်းစ်လိဂ်ကိုပဲ အာရုံစိုက်ထားပါတယ်။ အနာဂတ်ကိုတော့ ကြိုမသိနိုင်ဘူးလေ”

“ဒါပေမယ့် ဒါက ရွေးချယ်စရာတစ်ခုခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်ဘက်က တံခါးပိတ်ထားတာမျိုးတော့ မရှိပါဘူး။ ဘာစီလိုနာဥက္ကဌရာထူးဆိုတာက ကြီးမားတဲ့ တာဝန်တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်သာ အချိန်တစ်ခုမှ ဒီအတွက် ကြိုးစားမယ်ဆိုရင် ဒါက အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိလာနိုင်ပါတယ်”

“အနာဂတ်မှာ ဘာစီလိုနာဥက္ကဌနေရာအတွက် ဖြစ်နိုင်ခြေတွေကို ကျွန်တော်ရှာဖွေသွားမှာပါ။ အခုတော့ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး ရုန်းကန်နေရတဲ့ အနေအထားတစ်ခုလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က